မလေးရှားကို ဝင်ဖို့ ကြိုးစားသူ မြန်မာ ခုနှစ်ဦး ဖမ်းဆီးမိ


2019.05.13
langkawi-island-622.jpg မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို တွေ့ရစဉ်
Photo: MOHD RASFAN / AFP

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို ရေလမ်းကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသားလို့ ယူဆရသူ ခုနှစ်ဦးကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

လန်ကာဝီ သဘောၤဆိပ်၊ လူဝင်မှု စစ်ဆေးရေး အဝင်မှာ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးကို စစ်ဆေးခဲ့ရာက ခရီးသွားဆိုင်ရာ အထောက်အထား မပါဘဲ ဝင်လာတာဖြစ်ကြောင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ထိန်းသိမ်းခံရသူဟာ မြန်မာအမျိုးသမီးဖြစ်ပြီး၊ နောက်ထပ် အထောက်အထားမဲ့ မြန်မာ အမျိုးသား သုံးဦး နဲ့ မြန်မာအမျိုးသမီး သုံးဦး တို့ကိုလည်း အဲဒီ သင်္ဘောကပဲ ထပ်မံတွေ့ရှိ ထိန်းသိမ်းခဲ့ပါတယ်။

သူတို့ဟာ လန်ကာဝီ က တဆင့် မလေးရှားနိုင်ငံတွင်းကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပုံရကြောင်းလည်း အရာရှိတွေက ပြောပါတယ်။

သူတို့ကို မေလ ၉ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး၊ မေလ ၁၂ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေး လုံခြုံရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။