နမ္မတီးက စစ်ဘေးရှောင်တွေကို ၈၈ အဖွဲ့ စားနပ်ရိက္ခာ လှူဒါန်း


2017.08.16
nanmatee-refugees-622.jpg နမ္မတီးမြို့ လမ်းခွကျေးရွာ ကချင်နှစ်ခြင်းအသင်းတော်မှာရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က  ကေအိုင်အေတပ်ရင်း ၁၁ အခြေစိုက်တဲ့ ကဆုန့်ကျေးရွာနားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေတွေကြောင့် နမ္မတီးမြို့ပေါ်ထွက်ပြေးလာတဲ့ မိသားစုဝင် တစ်ထောင်ကျော်ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ အခြေခံစားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းပါတယ်။

မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း ဒေသတွေဘက်က လတ်တလောထွက်ပြေးလာသူတွေ လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာတွေ ကျပ်သိန်း ၂၀၀ ဖိုးခန့် လှူဒါန်းဖို့ စီစဉ်ထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က မမီးမီး က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက  နမ္မတီးမြို့ရဲ့ မြောက်ဘက် ၁၀ မိုင်အကွာက ကေအိုင်အေတပ်ရင်း ၁၁ အခြေစိုက်တဲ့ ကဆုန်းရွာတဝိုက်မှာ ကေအိုင်အေနဲ့ အစိုးရရဲ့ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ လက်အောက်ခံ တပ်တွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။

အခုလောလောဆယ်မှာ နမ္မတီးမြို့ လမ်းခွကျေးရွာ  ကချင်နှစ်ခြင်းအသင်းတော် နဲ့ ကက်သလစ် အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ မိသားစုဝင်တွေနဲ့ အနီးပတ်ဝန်းကျင်က ရွာသားစုစုပေါင်း တထောင်လောက် ထွက်ပြေး ခိုလှုံနေကြသလို မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်က မြန်မာနိုင်ငံ ဧဝံဂေလိ(အေဂျီ) အသင်းတော်မှာလည်း ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။