၈၈ မျိုးဆက် ထန်းတပင်မြို့နယ်မှာ ဟောပြော

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။

2012.09.09
88-gs-farmers-081512-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က စလင်းမြို့မှ ပွင့်ဖြူမြို့သို့ သွားသည့် လမ်းခုလတ်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည့် လယ်သူမများနှင့် အတူတွေ့ရစဉ်။
Photo: 88 Generation Students

ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဒေသခံ ပြည်သူတွေကို အာဏာ တစ်ခုတည်းနဲ့ မအုပ်ချုပ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကိုအနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံ ပြည်သူ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။