၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေးခရီး စတင်

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။

2012.04.28
88-newyear-prisoner-b305 ၂၀၁၂ခုနှစ် ဧပြီလ ၁၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်နေစဉ်။
RFA

ခရီးစဉ်အတွင်း တိုင်းရင်းသား လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒေသခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို လေ့လာမှာဖြစ်တယ်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အာအက်ဖ်အေကို ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ဟာ ရက်သီတင်းပတ် တပတ်လောက် ကြာမြင့်မှာဖြစ်ပြီး တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်၊ ဟိုပုန်းမြို့တွေကို သွားရောက်မယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းလာစေဖို့အတွက် လှုပ်ရှားနေသူတွေကို အထောက်အကူပြု သင်တန်းတွေ တက်နိုင်အောင် ကူညီစီစဉ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။