ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောပွဲကျင်းပ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဒေသခံကျောင်းသားနဲ့လူငယ်တွေ ဒီကနေ့ ဖွဲ့စည်းတဲ့ သွေးကူညီရေးအဖွဲ့ ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပြီး၊ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးဆိုင်ရာ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

2012.03.22
88-press-conference-b305 အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
RFA

ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောတာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။

"ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ဆောင်ပုဒ်ကတော့ ငါတို့မြို့ကို ငါတို့ပိုင်သည် ဆိုတဲ့ဆောင်ပုဒ်၊ အဲဒီဆောင်ပုဒ်အောက်မှာပဲ နံပါတ် (၁) မြို့တိုင်းမြို့တိုင်းမှာ အသင်းအပင်းတွေရှိရမယ်။ နံပါတ် (၂) အဲဒီအသင်းအပင်းတွေဟာ ကွန်ယက်ဖြစ်နေရမယ်။ နံပါတ် (၃) အဲဒီကွန်ယက်လှုပ်ရှားမှု အမြဲရှိနေရမယ်။ နံပါတ် (၄) area ရှိရမယ်။ အဲဒီအချက် ၄ ချက်ပေါ် မူတည်ပြီးတော့ မြို့တစ်မြို့ချင်းစီရဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ဆောက်ကြဖို့ ဟောပြောခဲ့ပါတယ်"

အဲဒီပွဲကို ဒေသခံ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။