စိတ်ထားတွေပြောင်းကြဖို့ ကျောင်းသားခေါင်းဆောင်များ တိုက်တွန်း

မြန်မာနိုင်ငံကို ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်လိုတယ်ဆိုရင် အစိုးရကို ပြည်သူစိတ် ပြောင်းလဲဖို့ လိုအပ်သလို၊ ပြည်သူကိုလည်း အစိုးရစိတ် ပြောင်းလဲလာစေဖို့အတွက် အစိုးရ ဝန်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်း အဖြစ် ပြောင်းလဲလာစေရန် လိုအပ်ကြောင်း မတ်လ ၂၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ တော်လှန်ရေးနေ့မှာ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

2012.03.26
88-press-conference-b305 အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
RFA

ဒီမိုကရေစီရဲ့ အနှစ်သာရမှာ နိုင်ငံအာဏာဟာ နိုင်ငံသားတွေထံက သက်ဆင်းဖို့ အရေးကြီးတယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုပြုံးချို က RFA ကိုပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ "တိုင်းရင်းသား ပြည်သူနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒနဲ့ ဆင်တူရိုးမှား ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်" ဆိုတဲ့ ဗိုလ်ချုပ်ရဲ့စကားကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ တော်လှန်ရေးနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုပြီး ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် မတ်လ(၂၇) ရက်နေ့ကို အစွဲပြု သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပ်မတော်နေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-01 18:33

yes your right bro
we need one unite

Anonymous
2012-03-27 03:22

Don't I know it.

Anonymous
2012-03-26 17:47

I agree that, Gov should be fair for people and people should be understand on Gov, that only can make Democracy & Development country, I wanna ask 60 million of Burmese people, will you accept if our country is Democracy & Developed country, I think, most of people will answer that, we will... but are you sure, you really wanna to be...? Because you know why, most of people are talk only, include me ( because we are afraid of Gov ). But I think it's time is over... So pls be united and let us change the country, it's time to change country ( Myanmar ). God bless Myanmar.