မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ်
2012.03.12
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ညီလာခံတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး စကားပြောဆိုနေစဉ်။
RFA
မနက်ဖြန်မှာကျရောက်မယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အတွက် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ကြေညာထုတ်ပြန်
ရာမှာ လူ့အခွင့်အရေးကင်းမဲ့တဲ့ အမှောင်ခေတ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေး
လူမှုရေး ပညာရေး အစစအရာရာ နိမ့်ကျခဲ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ဦးကိုကိုကြီးက ပြောပါတယ်။
"မတ်လ ၁၃ ရက် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတာဟာ မြန်မာနိုင်ငံကို အမှောင်ခေတ်ကနေပြီးတော့ အလင်း ခေတ်ဆီကို ကူးပြောင်းဖို့အတွက် နှိုးဆော်လိုက်တဲ့ ခေါင်းလောင်းထိုးသံ တစ်ခုပဲပေါ့ဗျာ။ အဲဒီတော့ ကျောင်းသား သပိတ်တွေကနေ လူထုတိုက်ပွဲအထိ ဖြစ်ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အလင်းရောင်ကို စပြီး ထွန်းညှိပေးတဲ့နေ့၊ လူ့အခွင့်အရေး ကင်းမဲ့တဲ့ အမှောင်ခေတ်ကြောင့်ပဲ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး ပညာရည် အမြင့်မားဆုံး တိုင်းပြည်ဘဝကနေ အဆင်းရဲဆုံး တိုင်းပြည်ဘဝကို ကျရောက်ခဲ့ရတာ၊ အဲဒီတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်တိုင် လက်မှတ်ထိုးခဲ့တဲ့ လူ့အခွင့်အရေး ကြေညာစာတန်းကို ပြည်သူများက ခံစားကျင့်သုံးနိုင်ဖို့ကို ဒီနိုင်ငံရေး အင်အားစုတွေ အားလုံးက ဆထက်တပိုး ပိုပြီးတော့ ကြိုးပန်းအားထုတ်ကြဖို့ လိုအပ်ပြီ ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်တယ်ဆိုတဲ့ ကြေညာချက်ပါ။"
၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်က စက်မှုတက္ကသိုလ်ကျောင်သား ကိုဖုန်းမော်ကို
လုံထိန်းရဲတွေ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရတဲ့နေ့ကို ဒီမိုကရေစီ အင်အားစုတွေက
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ မိသားစုတွေက ၂၃နှစ်မြောက်
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မနက်ဖြန် ရန်ကုန်မြို့
တော်ဝင်နှင်းဆီခြံမှာ ကျင်းပဖို့ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့ အမြင်သဘောထားတွေကို ကိုဉာဏ်ဝင်းအောင်က
စုစည်းတင်ပြ ထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









