တန့်ဆည်မြို့နယ် ပေပင်ချောင်ရွာက နေအိမ် ၉၀ နီးပါး မီးလောင်ဆုံးရှုံး

RFA Burmese
2022.12.13
တန့်ဆည်မြို့နယ် ပေပင်ချောင်ရွာက နေအိမ် ၉၀ နီးပါး မီးလောင်ဆုံးရှုံး တန့်ဆည်မြို့နယ် ပေပင်ချောင်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

အင်အား ၂၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပေပင်ချောင်ရွာကို ဒီဇင်ဘာ ၁၂ ရက် မနေ့နေ့လယ် ၁ နာရီမှာ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မ - ၃၃ လက်အောက်ခံ ခမရ - ၃၆၁ နဲ့ ခမရ - ၃၆၉ က ဝင်ရောက်မီးရှို့ခဲ့တာလို့ နေအိမ် ၉၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လာကတည်းက အဆဲနဲ့ လာတာပေါ့။ ဆဲလိုက်တာလည်း ပြောမနေပါနဲ့။ အိမ်ကိုလည်း စိတ်ကြိုက်မွှေနှောက် မီးရှို့ဖျက်ဆီး အားရမှ ရွာကပြန်ထွက်သွားတာ။ တိုက်ပွဲရှိလို့ ရွာကို လာမွှေတာဆိုလည်း ထားတော့၊ အခုက တိုက်ပွဲလည်း မရှိဘူး၊ တမင်ကို ပြည်သူတွေအိမ်ကို မီးရှို့တာ"

ပေပင်ချောင်ရွာက ဒေသခံ တစ်ထောင်နီးပါးက အနီးပတ်ဝန်းကျင်ရွာတွေနဲ့ တောတောင် တွေထဲမှာ တိမ်းရှောင်နေတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဒီကနေ့ ညနေပိုင်း RFA က ဖုန်းနဲ့ဆက်သွယ်တဲ့အခါ သူ့အနေနဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေတဲ့ ဖြစ်ရပ်တွေကို မသိသေးဘူးလို့ ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနှစ် နိုဝင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးတာကြောင့် စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။