မြန်မာပြည်ဆိုင်ရာ ဥရောပသမဂ္ဂရပ်တည်ချက် ဆွေးနွေးပွဲ
2010.09.25
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာမ ဓာတ်ပုံပိုစတာကြီးကို ပြင်သစ်နိုင်ငံ စထရာစ်ဘော့ဂ်မြို့ရှိ ဥရောပပါလီမန် အဆောက်အဦးပေါ်တွင် ၂၀ဝ၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ချိတ်ဆွဲ ဂုဏ်ပြုထားပုံ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ဥရောပက NGO အဖွဲ့တွေ တက်ရောက် ဆွေးနွေးနေတာပါ။ ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက် ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက သူတို့ရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး RFA ကို ပြောဆိုရာမှာ
“မြန်မာ့ဒီမိုကရေစီအရေး အပြောင်းအလဲ ဖြစ်စေဖို့ဆိုရင် အဓိကသွားနေတဲ့ လမ်းကြောင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်ဖို့ ဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတကာဥပဒေနဲ့ ဘယ်လို ဆက်နေတယ်ဆိုတဲ့ အချက်တွေကို ထောက်ပြပြီး လှုပ်ရှားမှသာလျှင် ဒီလှုပ်ရှားမှုဟာ ထိရောက်အောင်မြင်နိုင်တယ်။ တကယ်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတကာဥပဒေနဲ့ ဘာကြောင့် ဆန့်ကျင်နေတယ်ဆိုတာ သူတို့ကို ဆွေးနွေးပြတာပါ”
ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ အဲဒီ ဆွေးနွေးပွဲကို NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ဥရောပရေးရာ တာဝန်ခံ ဦးနွယ်အောင်၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးနဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မဇိုရာဖန်း တို့ တက်ရောက်ဆွေးနွေးကြောင်း သိရပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကို ဥရောပ NGO အဖွဲ့တချို့က ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ငွေကြေး ထောက်ပံ့နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဒီဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့ကြောင်း ဦးအောင်ထူးက ပြောပါတယ်၊
BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကို RFA အဖွဲ့သား ဦးဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









