ကြားဖြတ်အရေးယူမှု ချမှတ်ပေးဖို့ ဂမ်ဘီယာအဆို ICJ မှာ ဇန်နဝါရီ ၂၃ ဆုံးဖြတ်မည်

2020-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာကနေ တောင်းဆိုထားတဲ့ “အရေးပေါ် ကြားဖြတ်အရေးယူမှု ချမှတ်ပေးဖို့အဆို” ကို ICJ နိုင်ငံတကာတရားရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ ဂမ်ဘီယာနိုင်ငံ တရားရေးဌာနရဲ့ တွစ်တာအကောင့်မှာ မနေ့က ရေးသားထားပါတယ်။

ဒီဆုံးဖြတ်ချက်ချမယ်နေ့ရက်နဲ့ပက်သက်ပြီး ICJ တရားရုံးရဲ့ ဝက်ဆိုဒ်မှာတော့ တရားဝင် ကြေညာထားတာ မတွေ့ရသေးပါဘူး။ ဒီသတင်းကို အတည်ပြုနိုင်ဖို့အတွက် ဂမ်ဘီယာတရားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။ ဝါရှင်တန်ဒီစီမှာရှိတဲ့ ဂမ်ဘီယာနိုင်ငံသံရုံးကို ဆက်သွယ်မေးမြန်းရာမှာ ကောင်စစ်ဝန်က လောလောဆယ် မဖြေကြားနိုင်သေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရတဲ့အထိဖြစ်အောင် မြန်မာလုံခြုံရေးအာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားတာပါ။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာကနေ မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပထမဆုံးကြားနာခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ကြောင်း လျှောက်လဲခဲ့သလို၊ ဒီအမှုကို ICJ တရားရုံးအနေနဲ့ စီရင်ခွင့်မရှိကြောင်း တောင်းဆိုခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့