လန်ဒန်မြို့မှာ ကရင်ယဉ်ကျေးမှုပွဲတော် ကျင်းပ

ကရင်လူမှုအဖွဲ့အစည်းက ဦးစီးပြီး ကရင်ယဉ်ကျေးမှု ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

2010.08.28
Karen_festival_London_305_Z Karen Community Association- UK က ကြီးမှူးပြီး ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကရင်ယဉ်ကျေးမှုပွဲတော် ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Burma Campaign UK)
Burma Campaign UK

နှစ်စဉ်ကျင်းပတဲ့ ဒီပွဲတော်မှာ ကရင်ရိုးရာဒုံးယိမ်းအက၊ သီချင်းနဲ့ ရိုးရာအဝတ်အစား ဝတ်ဆင်ပြသတာ တွေအပြင် ရိုးရာအစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါြ့ပင် မြန်မာစစ်အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာရပြီး ဗြိတိန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ရောက်ရှိလာတဲ့ ကရင်ဒုက္ခသည်တွေရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကိုလည်း ဒီပွဲမှာ ပြောပြကြတယ်လို့ သိရပါတယ်။

ကရင်တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို မြင့်တင်ဖို့နဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ကရင်ပြည်သူတွေ ရင်ဆိုင်ခံစားနေရတဲ့ အခြေအနေတွေကို အများသိရှိဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကို ကျင်းပတာ ဖြစ်ကြောင်း ဗြိတိန် ကရင်လူမှုအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ကရင်တိုင်းရင်းသား ၅ ရာလောက် အခြေချ နေထိုင်နေပြီး အများစုဟာ ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။ ဗြိတိန် ကရင် လူမှုအသင်းကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ ဗြိတိန်ရောက် ကရင်ဒုက္ခသည်များကို ကူညီရေး၊ နယ်စပ်ဒေသအပါအဝင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရေးကို ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။