ဦးတင်ဦး ဧရာဝတီတိုင်း ခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုတိယဥက္ကဌ ဦးတင်ဦးဟာ ဧရာဝတီတိုင်း နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ပုသိမ်မြို့ကို ရောက်ရှိနေ ပါတယ်။ နေအိမ် အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း ဒါဟာ ဦးတင်ဦးအနေနဲ့ ပထမဦးဆုံး အကြိမ် နယ်လှည့်စည်းရုံးရေး ခရီးစဉ် ဖြစ်ပါတယ်။

2010.08.28
U_Tin_Oo_02152010_305_Z အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ရွှေဂုံတိုင်ဌာနချုပ်ရုံးသို့ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရောက်ရှိလာစဉ်။ (Photo: RFA)
RFA

ဒီနေ့ နေ့လည်ပိုင်းမှာ ပုသိမ်မြို့ကို ရောက်ရှိလာတဲ့ ဦးတင်ဦးဟာ NLD အဖွဲ့ဝင်တွေ အပါအဝင် မြို့ခံ အယောက် ၂ ရာနီးပါးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ဝင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ဆက်လက်ပြီး လိုက်နာ ဆောင်ရွက်သွားကြမယ် ဆိုတဲ့အကြောင်း ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

ဒီနေ့ ပုသိမ်မြို့မှာ ကျင်းပတဲ့ စည်းရုံးရေး ဆွေးနွေးပွဲမှာ NLD ပါတီရဲ့ အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြသလို၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း တိုင်ပင် ပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်း ခရီးစဉ်အတွင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြို့နယ်တွေကိုလည်း သွားရောက်မှာဖြစ်ပြီး စုစုပေါင်း လေးရက် ကြာမြင့်မယ်လို့ ဦးတင်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။