နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိုက်တွန်းဖို့ အမတ်တွေ ပြင်ဆင်
2010.08.22
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတခု ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် သြဂုတ်လက မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (UN Photo/Paulo Filgueiras)
အဲဒီ အစည်းအဝေးကနေ နယူးဇီလန်ဝန်ကြီးချုပ်ကို တိုက်တွန်းတဲ့စာ ပေးပို့ရေးအတွက် ဆုံးဖြတ်မယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုနိုင်ကိုကို က အာအက်ဖ်အေကို ပြောပါတယ်။
“အဲဒီ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစစ်အစိုးရကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲရေးကိစ္စကို နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ ထောက်ခံအားပေးဖို့၊ ဆွေးနွေးပွဲမှာ တက်ရောက်လာမယ့် အမတ်အားလုံး စုပေါင်းတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂမှာ ရှိတဲ့ နယူးဇီလန် သံအမတ်ကြီးနဲ့ အမေရိကန်တို့၊ သြစတေးလျတို့ အင်္ဂလန်တို့နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဖို့ကိစ္စကို ထောက်ခံရန် စာနဲ့တင်ပြသွားမယ်၊ ဝန်ကြီးချုပ်ကို ဘယ်လိုချည်းကပ်မယ် ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”
မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင် စစ်ဆေး အရေးယူဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း ဆုံးဖြတ်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း နယူးဇီလန်နိုင်ငံကလည်း အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ပြည်ပအခြေစိုက် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က စစ်အစိုးရနဲ့ ပတ်သက်ပြီး လူသားထုအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အဆိုပြု တင်သွင်းချက်ကို ထောက်ခံတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံပါကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားနဲ့ တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ဘဝသို့ အတင်း တွန်းပို့ဆောင်ရွက်နေတဲ့ သမိုင်းတရားခံများ မဖြစ်စေဖို့ ရွေးကောက်ပွဲကို လူထုတရပ်လုံးနဲ့ လက်တွဲပြီး ကန့်ကွက် သပိတ်မှောက်ကြဖို့လည်း မဒတ က တိုက်တွန်း ထားပါတယ်။









