ကချင်ပြည်နယ်အစိုးရလုပ်ဆောင်ချက်တွေကို ပီဒီပီ ပါတီက ဖွင့်ချ

ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အခြေစိုက် ပြည်သူ့ ဒီမိုကရေစီ ပါတီ (PDP) က ရန်ကုန်မြို့ ရွေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမမှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2012.10.11

ပြည်သူ့ ဒီမိုကရေစီ ပါတီခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက သတင်းစာရှင်းလင်းပွဲ အပြီးမှာ RFAကို အခုလို ပြောခဲ့ပါတယ်။

" ကျွန်တော်တို့ ပြည်သူ့ ဒီမိုကရေစီ ပါတီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ပြီး ကချင်ပြည်နယ်သူ ပြည်နယ်သားတွေကို ညှင်းပမ်းနှိပ်စက်နေတဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ပါတီက နိုင်ငံတော် သမ္မတကြီးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြ တိုင်ကြားခဲ့ပါတယ်။ အဲ့ဒီ တိုင်ကြားချက်တွေကိုတော့ ကနေ့အချိန်ထိ အရေးယူမယ့်သူ၊ စစ်ဆေးမယ့်သူ မရှိသေးဘဲနဲ့  တင်ပြ တိုင်ကြားချက်တွေပေါ်မှာ အကြောင်းပြပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့က ကျွန်တော်တို့ ပြည်သူ့ ဒီမိုကရေစီ ပါတီက ထုတ်ဝေတဲ့ ပြည်သူ့လုပ်သား သတင်းစဉ် အပေါ် တရားစွဲဆိုဖို့ ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက် ကျွန်တော် အနေနဲ့ ကနေ့  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်။ "

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ မြစ်ကြီးနားမြို့ပေါ်က ပုဂ္ဂလိက မော်တော်ယဉ်အသင်းတွေကို ဖျက်သိမ်းခဲ့တာတွေ၊ တနိုင်းမြို့က စက်လှေတွေကနေ ငွေကြေးကောက်ခံတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အဓိကထား ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။