ရန်ကုန် ၇ မြို့နယ်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ အစိုးရအမိန့်ထုတ်


2020.09.01
coronavirus-yangon-622.jpg ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ထားသော ရန်ကုန်မြို့နေပြည်သူများ။
Photo: AFP

ရန်ကုန်တိုင်းတွင်း မြို့နယ် ၇ မြို့နယ်က ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်၊ မင်္ဂလာဒုံ မြို့နယ် ၇ မြို့နယ်မှာ Stay at home အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အခုရက်ပိုင်း ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရတဲ့သူတွေဟာ ပြည်ပနိုင်ငံတွေက ခရီးသွားလာခဲ့တာမရှိတဲ့အပြင်၊ ရောဂါကူးစက်ခံထားရတဲ့သူနဲ့လည်း ထိတွေ့တာမျိုးမရှိခဲ့ဘဲနဲ့ ရောဂါကူးစက်ခံနေရတာတွေ တွေ့လာနေရတာကြောင့် အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကတော့ ဒီအမိန့်မှာ အကျုံးဝင်မှာ မဟုတ်ဘဲ တာဝန်ထမ်းဆောင်ဖို့ ဆက်သွားလာခွင့်ရှိပါတယ်။

ဒီအမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညပိုင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ( ၃၂ ) ယောက် ထပ်တွေ့ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၁၉ ဦးရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူ ၆ ဦး ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။