ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မြန်မာချေးငွေကိစ္စ ဖမ်းဝရမ်းထုတ်

2018-07-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံက ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ်တို့ကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ လူမှုရေးပွဲတခုတွင် အတူတွေ့ရစဉ်။
နိုင်ငံက ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ်တို့ကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ လူမှုရေးပွဲတခုတွင် အတူတွေ့ရစဉ်။
AFP PHOTO / ASAHI SHIMBUN / YASUHIRO SUGIMOTO

မိသားစု ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို အထောက်အကူပြုဖို့ မြန်မာနိုင်ငံကို ထိုင်းသွင်းကုန်ထုတ်ကုန် Exim ဘဏ်ကနေ ဘတ်ငွေသန်း ၄ ထောင် ချေးပေးခဲ့တဲ့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်း ဗဟိုတရားရုံးချုပ်က ဒီနေ့ ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ “နိုင်ငံရေးရာထူးရယူထားသူများဆိုင်ရာ ရာဇဝတ်ဥပဒေသစ်” အရ စွဲချက်တင်ထားတာကို လူကိုယ်တိုင်လာရောက် ဖြေရှင်းဖို့ ပျက်ကွက်တဲ့အတွက် ထိုင်းဗဟိုတရားရုံးက အခုလို ဖမ်းဝရမ်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။   

မြန်မာနိုင်ငံကို ဘဏ်ချေးငွေ ထုတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုအဖြစ် ထိုင်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂ဝဝ၈ ခုနှစ်က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် လူကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက် အမှုကို ဆက်လက်မစစ်ဆေးဘဲ ရပ်ဆိုင်းထားခဲ့ရပြီး၊အခုမှ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ကြောင့် သူ့အပေါ် စွဲချက်တင်ထားတဲ့ တခြားအမှုတွေနဲ့အတူ ပြန်လည်စစ်ဆေးတာ ဖြစ်ပါတယ်။

ထိုင်း Exim ဘဏ်က မြန်မာနိုင်ငံကို မူလက ဘတ်ငွေ သုံးဘီလျံ ချေးပေမယ့် အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ သက်ဆင်ရဲ့ တိုက်တွန်းမှုကြောင့် ဘတ်ငွေ လေးဘီလျံအထိ တိုးမြင့်ချေးပေးခဲ့သလို၊ အတိုးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းခွဲကနေ ၃ ရာခိုင်နှုန်းအထိ လျှော့ပေးခဲ့ပါတယ်။

ဒီလိုချေးခဲ့တာဟာ မစ္စတာသက်ဆင်ပိုင်တဲ့ “ရှင်း” ဂြိုဟ်တုလုပ်ငန်း အကျိုးအမြတ် ရဖို့အတွက်ဖြစ်ပြီး ဒါဟာ ကိုယ်ကျိုးအတွက် အဂတိလိုက်စားမှုအဖြစ် တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ မျက်မြင်သက်သေ အထောက်အထားတွေကို ကြားနာဖို့ အောက်တိုဘာလ ၃၁ ရက်ကို သတ်မှတ်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့