ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မယ်လို့ ရခိုင် စစ်ဦးစီးချုပ်ပြောကြား

2019-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
AA ရခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က သတင်းစာရှင်းစဉ်
AA ရခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က သတင်းစာရှင်းစဉ်
Photo: Kan Thar/RFA
AA ရခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ငြိမ်းချမ်းရေးရရှိရေးအတွက် ဆုတောင်းနေရုံမျှနဲ့ ရရှိမှာ မဟုတ်တဲ့အတွက် မိမိတို့ ဆက်လက်တိုက်ပွဲဝင်ရမှာပဲလို့ ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက်ပါတယ်။ UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ သူက အခုလို ပြောဆိုခဲ့တာပါ။

တဆက်တည်းမှာပဲ တပ်မတော်ရဲ့ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာအနည်းဆုံး ၆ ဦးလောက်သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီလူတွေဟာ တပ်မတော်က စွပ်စွဲသလို မိမိတို့ AA တပ်ဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ပြောဆိုရင်း ဒီမွတ်စလင်တွေဟာလည်း ရခိုင်ပြည်နယ်မှာ မိမိတို့နည်းတူ မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်မှုကိုခံစားနေရသူတွေ ဖြစ်ပါတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ဝနယ်မြေမှာ ရောက်ရှိစဉ်အတွင်း တရုတ်အစိုးရ အရာရှိတဦးနဲ့ မိမိ တွေ့ဆုံခဲ့ကြောင်း၊ သူက မိမိတို့ AA က မြန်မာ့တပ်မတော်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မလုပ်ပါနဲ့လို့ ပြောဆိုခဲ့ရာမှာ မိမိက အလားတူ ညှိနှိုင်းမှုတွေကို နှစ်ဖက်လုံးနဲ့ ပြုလုပ်ပါလို့ ပြန်လည်ပြောဆိုခဲ့ကြောင်း စသဖြင့် AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့