ရခိုင်မှာ အကျဉ်းသားတွေ ထောင်ပြောင်း


2016.05.04
sittwe-prison-620.jpg စစ်တွေအကျဉ်းထောင်ပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ရက္ခိုင့်တပ်မတော် AA ဆက်နွယ်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၃၅ ဦးကို ကျောက်ဖြူအကျဉ်းထောင်နဲ့ သံတွဲအကျဉ်းထောင်တွေကို ထောင်အာဏာပိုင်တွေက ဒီနေ့ ပြောင်းရွှေ့လိုက် ပါတယ်။

ဒီနေ့မနက်က ရွှေပြည်တန် အမြန်ယာဉ်နဲ့ ကျောက်ဖြူအကျဉ်းထောင်ကို ၂၀ နဲ့ သံတွဲအကျဉ်းထောင်ကို ၁၅ ဦး ပို့ဆောင်လိုက်တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေက အတည်ပြုပြောပါတယ်။

ဘာကြောင့် ထောင်ပြောင်းရွှေ့လိုက်တယ်ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

အဲ့ဒီအကျဉ်းသား ၃၅ ဦးဟာ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ- ၁၇၊ ၁၇(၁)တွေနဲ့ ပြီးခဲ့တဲ့နှစ်နဲ့ဒီနှစ်အတွင်းမှာ ကျောက်တော်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ အသီးသီး အမိန့်ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။