AA တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်လာတယ်လို့ တပ်မတော်ထုတ်ပြန်


2019.07.07
aa-soldier-surrender-622.jpg ၂၀၁၉ ဇွန်လ ၃၀ ရက်နေ့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ AA ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: MWD
AA ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၃၀ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ဘက်ကနေ တပ်မတော် စခန်းကတဆင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ AA တပ်ဖွဲ့ဝင်ဆိုသူဟာ တက္ကသိုလ် တတိယနှစ်ကျောင်းသား တစ်ဦးဖြစ်ပြီး AA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အယုံအကြည်မရှိတဲ့အတွက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AA ရခိုင့်တပ်တော်အနေနဲ့ သူတို့ဘက်ကတပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ် မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၆ လကျော်ကြာမြင့်နေပြီး စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးရှိနေပြီး နှစ်ဖက်တပ်တွေ ဖမ်းဆီးထိန်းသိမ်းထားသူတွေလည်းရှိနေပါတယ်။

AA အဖွဲ့ဟာ ကချင်ပြည်နယ် လိုင်ဇာမှာ စစ်သင်တန်းတွေ သင်ကြားနေတာဖြစ်ပြီး လက်ရှိရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၆ လ ကြာနေပြီဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။