ရဲတပ်ဖွဲ့ မိသားစု လူ ၇ ဦးကို ပြန်လည်အပ်နှံဖို့ ဆောင်ရွက်နေတယ်လို့ AA ပြော


2019.04.11
aa-arrest-622.jpg AA ကဖမ်းဆီးသွားတဲ့ ရဲတင်ဖွဲ့မိသားစုတွေကို တွေ့ရစဉ်
ဓါတ်ပုံ - ရဲဇာနည်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ ခေါ်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို ပြန်လွှတ်ဖို့ဆောင်ရွက်နေပြီး အဆင်ပြေရင် ဒီနေ့ပြန်လွှတ်မှာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

ဧပြီလ ၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့မနက်အစောပိုင်းအထိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကို AA အဖွဲ့က အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး ၃ ဦး၊ မိခင် ၁ ဦး၊ ကလေးသူငယ် အရွယ် ယောက်ျားလေး ၁ ဦးနဲ့ မိန်းကလေး ၂ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဒီနေ့ရေးသားထားပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အဲဒီလူ ၇ ဦးကို ဖမ်းဆီးတာမဟုတ်ဘဲ အစိုးရတပ် က တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်တဲ့အတွက် သူတို့ရဲ့အသက်အန္တရာယ်အတွက် လုံခြုံတဲ့နေရာဆီကို ကယ်ထုတ်သွားခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။

သူတို့ကို အမျိုးသမီးအဖွဲ့တွေ ဒါမှမဟုတ် ရပ်မိရပ်ဖတွေကနေတဆင့် ပြန်လည်အပ်နှံဖို့ ဆောင်ရွက်နေတယ် လို့လည်းပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။