ကျောင်းသားတပ်မတော် ၂၄ နှစ်ပြည့် အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်တဲ့ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)နယ်မြေမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

2012.11.01
absdf ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၂၄ နှစ်မြောက် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွေ နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပစဉ်။ (ဓါတ်ပုံ အေဘီအက်စ်ဒီအက်ဖ်)
Photo: RFA

အခမ်းအနားမှာ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌ ဦးသံခဲက လက်ရှိ မြန်မာနိုင်ငံရေး ပြောင်းလဲမှုအခြေအနေနဲ့ အေဘီအက်စ်ဒီအက်ဖ်ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့ပါတယ်။

“(၂၄)နှစ်မြောက်အခမ်းအနားမှာ ရဲဘော်ထုကြားမှာ တင်ပြခဲ့တဲ့အချက်ရှိပါတယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်တွေ ဖြစ်ထွန်းနေတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အခင်းအကျင်း ဖြစ်ထွန်းမှုတွေဟာ အားလုံးအတွက် လိုက်ပါ ပါဝင်နိုင်တဲ့ အခြေအနေမျိုးရောက်ဖို့အတွက် အလုပ်တွေအများကြီးလုပ်ရမယ်ဆိုတာ ကျနော်တို့ တင်ပြပါတယ်။ ပြည်သူတွေရဲ့ အခြေအနေက မြေယာပိုင်ဆိုင်ခွင့် အခြေခံစားဝတ်နေရေး လူမှုရေး ပညာရေး ကျန်းမာရေး ရပိုင်ခွင့်တွေ  အလုပ်သမားလယ်သမား ကျောင်းသား အခွင့်အရေးတွေ အဲဒါတွေအတွက် ဆက်လက်တိုက်ပွဲဝင်နေရစဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ရှုမြင်ပါတယ်။ ဒါကြောင့်မို့ ရပ်တည်ချက်ကိုပြောရင် ကျနော်တို့က လူထုဘက်ကရပ်တည်ရမယ်။ နောက်တစ်ခုက တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းတွေဘက်က ရပ်တည်ရမယ်။ ဒီ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေနဲ့ အတူ လက်တွဲပြီး ဒီအပြောင်းအလဲကို အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ ကြိုးပမ်းရမှာ ပဲဖြစ်တယ်။”

အလားတူ အခမ်းအနားကို ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌ ကိုသံခဲကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။