ဦးမင်းဌေးကို ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ABSDF ခေါင်းဆောင်ပြော

2017-01-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို လူထုဆွေးနွေးပွဲမှာ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်း ကို တွေ့ရစဉ်
ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို လူထုဆွေးနွေးပွဲမှာ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်း ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ အကူအညီပေးနေတယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် မြောက် ပိုင်းဒေသ ခေါင်းဆောင် ဦးမင်းဌေးကို ဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက ပြောပါတယ်။

ဒီကနေ့ ABSDF က ဦးဆောင်ပြီး ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို လူထုဆွေးနွေးပွဲ ဖွင့်ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက ပြောတာဖြစ်ပါတယ်။

"ဒီဖြစ်စဉ်ဟာတော့ ကျနော်တို့ အခုတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ ထိခိုက်တာ အမှန်ပဲ၊ ယုံကြည်မှုပေါ့၊ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းကျမှ ဖမ်းတယ်ဆိုရင်ပဲ မရေးထိုးထားတဲ့ အဖွဲ့အစည်းဆိုရင် ပိုပြီးတော့စိုးရိမ်မှာပေါ့၊ ဘယ်လိုလဲပေါ့၊ ဘာလဲပေါ့၊ NCA ထိုး ထားပြီးတော့ သူတို့ဖမ်း တာ ဘာအဓိပ္ပါယ်တုန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ ပြည်သူလူထု ပဲဖြစ်ဖြစ်၊ အခုသတင်းဌာနတွေပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ၊ မေးခွန်းမေးစရာတွေတော့ ရှိမှာပဲ၊ ခင်ဗျားတို့ကိုယ်တိုင် မေးနေပြီလေ၊ မေးပြီဆိုကတည်းက မေး စရာဖြစ်လာပြီကိုး၊ မေးစရာဖြစ်လာပြီဆိုတဲ့နောက်တော့ ဘာပဲပြောပြော ဒီအလုပ်ဘက်မှာတော့ သက်ရောက်မှုဖြစ်တာပေါ့၊ ယုံကြည်မှုတော့နည်းစေတာပဲ၊ အဲအပေါ်မှာ တာဝန်ရှိတဲ့သူတွေဟာ အကျိုးအပြစ်ကို ထည့်တွေးစေချင်တယ်လို့"

ဦးမင်းဌေးဟာ ကချင်ပြည်နယ် ဗန်မော်အကျဉ်းစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး သွားရောက်တွေ့ဆုံခွင့် မရသေးဘူးလို့ ပြောပါတယ်။

အစိုးရအဖွဲ့ဘက်ကနေ ဦးမင်းဌေးအမှုကို အမြန်ဆုံးရုပ်သိမ်းနိုင်ရေး ညှိနှိုင်းသွားမယ်လို့လည်း ဦးမျိုးဝင်းက ပြော ပါတယ်။

ဦးမင်းဌေးဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်နေသူဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုမှာ မြောက်ပိုင်းကော်မတီဝင်အနေနဲ့ တက်ရောက်ပြီးအပြန်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဗန်မော် - လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

"NCA ထိုး ထားပြီးတော့ သူတို့ဖမ်း တာ ဘာအဓိပ္ပါယ်တုန်း ဆိုတဲ့ "
စကားသည် ဦးမင်းဌေးဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် NCA လက်မှတ်ထိုးပြီးတာနဲ့ တည်ဆဲတရားဥပဒေများ ကိုလေးစားလိုက်နာစရာမလိုဖူးဖြစ်နေပါသည်။ ကြည့်လည်းလုပ်ပါအုန်းခေါင်းဆောင်ဆိုသူရယ်....

Jan 10, 2017 08:09 PM

သြော် အသင်လောက ..အံသြစရာကြီးပါတကား

"ဦးမင်းဌေးကို ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်းဆို သည့် " စကားကို ABSDF ခေါင်းဆောင်တယောက်က ပြောသည်ကို သိရသဖြင့် အလွန်တရာမှ အံသြမိရပါသည်။

ယင်းပြောကြားသည့် စကားကိုသုံးသတ်ရလျှင် NCA လက်မှတ်ထိုးထားသည့်အတွက်

ငါတို့သည် နိုင်ငံတော်မှ ချမှတ်ထားသည့်
မည်သည့် ဥပဒေမှလိုက်နာစရာမလို။
ငါတို့ဘာလုပ်လုပ်ရသည်။
ငါတို့သည်အခွင့်ထူးခံများဖြစ်သည်ဆိုသည့် အနက်သဘော သက်ရောက်နေပါသည်။

အောက်က တင်ပြသလို ခေါင်းဆောင်တဦးအနေဖြင့် စကားကို သျှာအရိုးမရှိ လက်လွှတ်စပါယ် မပြောသင့်ပါ...

စကားလုံးများကိုကြည့်ပြီး ခေါင်းဆောင်တယောက်၏ကိုယ်ရည် ကိုယ်သွေး၊အမြင်ကျယ်မူ မည်မျှ ရှိသည်ကို ပညာတတ်များသာမက သာမန်ပြည်သူများပင်လျှင် သုံးသတ်နိုင်ပါသည်။

Jan 10, 2017 07:57 AM

နားမလည္ပါ

မည်သည့်အတွက်ကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်ရသလဲ ပြောသည်ကို နားမလည်ပါ။

ပြည်သူတဦးအနေဖြင့်နားလည်ရသလောက် ပြောရလျှင် NCA လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည် ဖြစ်စေ မြန်မာနိုင်ငံသားမှန်လျှင် တည်ဆဲဥပဒေကို လေးစားလိုက်နာရမည်သာဖြစ်ပါသည်။

မတရားအသင်းဆက်သွယ်မူဖြင့် ဖမ်းဆီးခြင်းသည် ဦးမင်းဌေးတဦးတည်းမဟုတ်ပဲ ယင်းဥပဒေကို ချိုးဖောက်သူတိုင်း ယင်းကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံရမည်သာ
ဖြစ်ပါသည်ဟုနားလည်ပါသည်။

အကယ်လို့ တည်ဆဲဥပဒေကိုချိုးဖောက်ပြီး လွှတ်ပေးပါဆိုသည့် တောင်းဆိုမူမျိုးသည် ငါတို့ သည် တည်ဆဲဥပဒေကို လိုက်နာစရာမလို ဥပဒေအထက်တွင် ငါတို့မှာရှိသည် ဆိုသည့် သဘောသက်ရောက်နေပါသည်။

တနည်းအားဖြင့် နိုင်ငံတွင်းရှိ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည့်အစား၊
တည်ဆောက်ရမည့် ယုံကြည်မူများကို ထိန်းသိမ်းရမည့်အစား၊
ယင်းကဲ့သို့အပြုသဘောမဆန်သည့် အသုံးအနုန်းများကို သုံးခြင်းကို ရှောင်ကြည်ဖို့လိုပါသည်။

အမှန်တကယ် ၂ဖက်တိုက်ပွဲများကို အေးချမ်းစေခြင်လိုပါက အစိုးရနှင့် တပ်မတော်အား တရားဝင်တင်ပြတောင်းဆိုကာ
တာဝန်ရှိသူများမှခွင့်ပြုပါက ငြိမ်းချမ်းရေးအကျိုးဆောင်အနေဖြင့် တရားဝင်ဆောင်ရွက်နိုင်ပြီး ယင်းကဲ့သို့ဖမ်းဆီးခံရမူ များလည်း ဖြစ်မည်မဟုတ်ပါ။

ပွင့်လင်းမြင်သာမူမရှိခြင်း၊တည်ဆဲဥပဒေကိုချိုးဖောက်ခြင်း စသည်တို့သည်သာ ယုံကြည်မူကို ထိခိုက်စေပါသည်။




Jan 09, 2017 10:11 PM

အမည်မဖော်လိုသူ

" ဦးမင်းဌေးကို ဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ " ..
လှ ျာအရိုးမရှိတိုင်း ပြောနေရင် ကိုယ့်အဖွဲ့သိက္ခာက ျရုံပဲ ရှိမှာပါ။

Jan 09, 2017 01:53 PM

ဆိုက်တခုလုံးသို့