အောင်ရဲထွေးအမှု လာဘ်ငွေရယူခဲ့မှု ဥပဒေအရာရှိ ၆ ဦးကို တရားစွဲ


2018.09.13
aungyehtwe-accm-622.jpg အသတ်ခံရတဲ့ သရုပ်ဆောင် အောင်ရဲထွေးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို တွေ့ရစဉ်
Photo: Aung Ye Htwe and ACC Myanmar

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ်နဲ့ တရားသူကြီး အပါအဝင် ဥပဒေအရာရှိ ခြောက်ဦးကို လာဘ်ငွေရယူမှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဒီဥပဒေအရာရှိ ခြောက်ဦးဟာ တရားခံမိသားစုတွေဆီကနေ ကျပ်ငွေ သိန်း ၃ဝ ကနေ ၃ဝဝ ကျော်အထိ လာဘ်ငွေရယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို အတည်ပြုပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူအမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဟာသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို တရားရုံးက ကွင်းလုံးကျွတ် လွတ်ခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတအပါအဝင် နိုင်ငံတော် အကြီးအကဲတွေက အခုအမှုကို ပြန်လည်စစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။

အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ နှစ်သစ်ကူးညမှာ သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့The one Entertainment က ပါတီပွဲကို တက်ရောက်ရင်း လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်တာကို ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။