အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။

2012.04.27

ဒါပေမယ့် မြန်မာနိုင်ငံက ADB အပေါ် အကြွေးတင်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးကို လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ မဖြစ်မနေ ပြန်ဆပ်မှသာ နောက်ထပ် ငွေကြေးဆိုင်ရာ အကူအညီအသစ်တွေကို ပေးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီလိုအကြွေးပေးဆပ်နိုင်ဖို့ အတွက်လည်း ADB ဟာ မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံသွားမယ်လို့ Mr. Kuroda က ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ရည်ရွယ်တယ်လို့လည်း သူကဆိုပါတယ်။

အရှေ့တောင်အာရှရဲ့လူဦးရေ စာရင်းအရဆိုရင် မြန်မာပြည်ဟာ အဆင့်လေးမှာရှိနေပြီး အလုပ်သမားဦးရေ အများအပြားရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် သဘာ၀ သယံဇာတ ပေါကြွယ်ဝပြီး သဘာဝရေနံနဲ့ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း ADB ဥက္ကဋ္ဌ က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။