တိုင်းရင်းသားဒေသ ဆင်းရဲမွဲတေမှုကြောင့် မတည်ငြိမ်တာတွေ ဖြစ်လာနိုင်

မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်သလို လူထုအုံကြွမှုတွေ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ သတိပေးလိုက် ပါတယ်။

2012.07.01

ဆင်းရဲမွဲတေမှှု အခြေအနေကို လေ့လာတဲ့အခါ မြန်မာနိုင်ငံက ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှု မညီမျှတဲ့ အချက်ကို ထည့်သွင်း တွက်ချက်ရပါမယ်။ တခြား ဆင်းရဲတဲ့ နိုင်ငံတွေလိုပါပဲ၊ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု မညီမမျှဖြစ်နေတဲ့ အခြေအနေဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ အေဒီဘီအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff က မြန်မာနိုင်ငံကို လည်ပတ်အပြီး အပြန်မှာ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ ပြဿနာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ အထွက်နည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု အများဆုံးလို့ အေဒီဘီက သတ်မှတ်ထားပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ အထွက်တိုးအောင် ရင်းနှီးမြုပ်နံှမှုတွေ များလာအောင် ဆောင်ရွက်နိုင်မယ်၊ ပြည်တွင်း ပြည်ပ ဈေးကွက်တွေကို တိုးပေါက်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ဆင်းရဲမွဲတေမှု လျှော့ချပေးနိုင်မယ့် အနေအထား ရှိနေပါသေးတယ်လို့လည်း အေဒီဘီ အကြီးအကဲက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။