မြန်မာနိုင်ငံတဝှမ်း အိုအိုင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်


2013.11.15
oic-ygn-305.jpg မြန်မာနိုင်ငံကို လေ့လာရေးခရီးစဉ်ရောက်ရှိနေတဲ့ OIC (ခေါ်) အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြနေစဉ်
photo: RFA/ Thiha Tun

မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်နေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်၊ စစ်တွေ၊ ပဲခူး၊ တောင်ကြီးစတဲ့ မြို့ကြီးတော်တော်များများမှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အိုအိုင်စီအဖွဲ့လာရင် မြန်မာပြည်မှာ ပြဿနာတစ်ခုမဟုတ် တစ်ခု ပေါ်ပေါက်တာကြောင့် ကန့်ကွက်ဆန္ဒပြရ တာဖြစ်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ က ဆန္ဒပြပွဲကိုဦးဆောင်ခဲ့တဲ့ ဆရာတော် ဦးပညာသိက္ခာလင်္ကာရဘိဝံသက မိန့်ကြားပါတယ်။

တရားဝင်ခွင့်ပြုချက်ရရှိထားတဲ့ အဲဒီဆန္ဒပြပွဲမှာ မြို့ခံသံယာတော်တွေနဲ့ ပြည်သူ ၂၀၀ ကျော်ဟာ အိုအိုင်စီအလိုမရှိ၊ အိုအိုင်စီအဖွဲ့အစည်း လုံးဝလက်မခံ၊ အိုအိုင်စီအဖွဲ့အစည်း မြန်မာပြည်မှထွက်သွား စတဲ့ ကြွေးကြော်သံတေ ွဟစ်ကြွေးပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။

အလားတူ အိုအိုင်စီဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ကလော၊ စစ်တွေ၊ ပဲခူး၊ ပုသိမ်၊ ရန်ကုန်စတဲ့ မြို့ကြီးတွေမှာလည်း ပြုလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာရောက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ မိထ္ထီလာ၊ လားရှိုးစတဲ့ မြို့တွေမှာ ရာနဲ့ချီတဲ့ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ဒီနေ့ ပေါ်ပေါက်ခဲ့တဲ့ အိုအိုင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။