မြန်မာကို AIIB က ဒေါ်လာ သန်း ၂ဝ ချေးမယ်


2016-09-30
Share

မြန်မာနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံက စွမ်းအင်စီမံချက်နှစ်ခုအတွက် AIIB  အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်က ချေးငွေ ဒေါ်လာ သန်း ၃၂ဝ ပေးဖို့ အတည်ပြုလိုက်ပြီလို့ မနေ့က ပြောကြားပါတယ်။

တခြား ဘက်စုံဖွံ့ဖြိုးရေးဘဏ်တွေနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကပါ ပူးတွဲရင်းနှီးမြှုပ်နှံတဲ့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံစီမံချက်အတွက် AIIB က ဒေါ်လာ သန်း ၂ဝ ရင်းနှီးမြှုပ်နှံဖို့ အတည်ပြု ပါတယ်။

ပါကစ္စတန်နိုင်ငံမှာတော့ ကမ္ဘာ့ဘဏ်နဲ့ ပူးတွဲ ရင်းနှီးမြှုပ်နှံတဲ့ ရေအားလျှပ်စစ်တိုးချဲ့စီမံချက်အတွက် ဒေါ်လာ သန်း ၃ဝဝ ချေးဖို့ အတည်ပြုလိုက်တာလို့ AIIB က တရုတ်နိုင်ငံထုတ် Global Times ကို ပေးပို့တဲ့ အီးမေးလ်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့