KNU ဗဟိုနားမှာ စစ်ကောင်စီက ဒရုန်းဗုံးနဲ့တိုက်ခိုက်
RFA Burmese
2024.10.22
2024.10.22
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဥ်။
KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာချုပ်နားကို စစ်ကောင်စီတပ်နဲ့ BGF ကရင်နယ်ခြားစောင့်တပ် ပူးပေါင်းစစ်ကြောင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ KNLA ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမနက် ၈နာရီကျော် ၉ နာရီ ကြားပေါ့ ၊ ဒရုန်းလာကျပေါက်တယ် ၊ ရဲဘော် တစ်ယောက်ထိတယ်။ မစိုးရိမ်ရ ပါဘူး။ အခုတော့ တစ်ခွင်လုံးကို လုံခြုံရေး တပ်လှန့်ထားတယ်”
ဒါ့အပြင် လှိုင်းဘွဲ့၊ ရှမ်းရွာသစ် စစ်ဗျူဟာမှ စစ်ကြောင်းနဲ့ BGF ပူးပါင်းစစ်ကြောင်းတွေတက်လာနေပြီး အဲဒီဘက်က KNLA စခန်းနှစ်ခုကိုလည်း ဒရုန်းနဲ့တိုက်ခိုက်တယ်လို့ KNLA သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ KNU ဗဟိုဌာချုပ် စစ်ရေး၊ နိုင်ငံရေး ပြောခွင့်ရသူ ပဒိုကလယ်စေးနဲ့ ပဒို စောတောနီးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမဲ့ ဖုန်းလက်ခံမဖြေသေးပါဘူး။









