ပိတ်ဆို့မှု ကန် သက်တမ်းတိုးမည်


2016.05.14

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသက်တမ်း ဟာ လာမယ့်သတင်းပတ်မှာပြည့်တော့ မှာဖြစ်တဲ့အတွက် နောက်တစ်နှစ်သက်တမ်းထပ်တိုးနိုင်ဖွယ် ရှိတယ်လို့ သတင်းရရှိပါတယ်။

တချို့ရှိလာလိမ့်မယ်လို့ အမေရိကန်အစိုးရအရာရှိကြီးတွေနဲ့ လွှတ်တော်အသိုင်းအဝိုင်းမှာ သတင်းတွေပေါ်ထွက်နေပါတယ်။

လာမယ့် မေလ ၂၂ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို သွားဖို့ရှိတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို သူ့ခရီးစဉ်မတိုင်ခင် အင်္ဂါနေ့မှာ ထုတ်ပြန်လာနိုင်တယ်လို့ အစိုးရအရာရှိတွေကပြောဆိုနေကြပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်ကြီးတချို့အပါအဝင် ပုဂ္ဂိလိကရော၊ ကုမ္ပဏီပါ စုစုပေါင်း ၁ ရာကျော်ကို ဒဏ်ခတ် ပိတ်ဆို့မှုကနေဖြေလျှော့ပေးခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ သီးခြားရွေးချယ်သတ်မှတ်ပြီးအရေးယူပိတ်ဆို့ထားတဲ့ လူပုဂ္ဂိုလ်တချို့ကို ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းကနေ ပယ်ဖျက်ပေးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

ဒီမိုကရေစီနည်းကျကျရွေးချယ်တင်မြှောက်ခံထားရတဲ့ မြန်မာအစိုးရသစ်ကို မိမိတို့ဘယ်လို ထောက်ခံ ပံ့ပိုးနေတယ်ဆိုတာပြဖို့နည်းလမ်းတွေရှာနေ သလို၊ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက် အောင် အစိုးရသစ်ကဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့အနေနဲ့လိုအပ်တာတွေ ကူညီသွားမယ်လို့ အမေရိကန်အစိုးရထိပ်တန်းအရာရှိတစ်ဦးကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။