အမေရိကန်ပြည်သူတွေ ရဲ့ နှစ်သစ်ကူး စကားလက်ဆောင်

2015-04-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်
Photo: U.S. Embassy Rangoon

မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာတော့မယ့် မဟာသင်္ကြန်နဲ့ နှစ်သစ်ကူးသမယမှာ မြန်မာပြည် သူပြည်သားအားလုံး သာယာရွှင်လန်းကြပါစေလို့  သမ္မတအိုဘားမားနဲ့ အမေရိကန်ပြည်သူတစ်ရပ်လုံး ကိုယ်စား အမေရိကန်နိုင်ငံခြားဝန်ကြီး John Kerry က ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့ သဝဏ်လွှာ မှာ  သင်္ကြန်ကာလဟာ မိသားစုတွေ မိတ်ဆွေတွေ သာမက အရင်က မသိတဲ့သူစိမ်းတရံတွေအပါအဝင် လူစိမ်းလူကျက်မရွေး မြန်မာပြည်သူတစ်ရပ်လုံး အတိတ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး မင်္ဂလာ နှစ်သစ်ကို ကြိုဆိုကြတဲ့ အခါသမယဖြစ်ကြောင်းနဲ့ အခုလို ကျက်သရေမင်္ဂလာအပေါင်း ခညောင်းတဲ့ကာလမှာ ဘာသာလူမျိုးမခွဲခြားပဲ မြန်မာပြည်တွင်း မှီတင်းနေ ထိုင်ကြသူအားလုံး ချစ်ကြည်ရင်းနှီးစွာ၊ သာယာဝပြောစွာနဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုထား ပါတယ်။

ဒါ့အပြင် အခုလို ချစ်ခင်သူတွေ တွေ့ဆုံရင်းနှီး အတူတကွနေထိုင်ကြတဲ့ နှစ်သစ်ကူး ထူးမြတ်တဲ့ကာလ မှာ မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးနဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့  မြန်မာပြည်သူတွေနဲ့ အတူတကွရှိကြောင်းကိုလည်း သိစေအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က စကားလက်ဆောင် ပါးလိုက်ပါတယ်။

ကွန်မင့်များ (2)
Share

Han han

နေရပ်- bkk

Thank You Very Much for US support to Our Country,
We would be going to a Good Way Soon.
Because, we're happy to received Int'L and US.Support,
US Ambassdor in Myanmar also really liked by Myanmars...
Today meeting for good future to Myanmar.
We Know US & All Int'l spend the time & A lot
of money to use for Myanmar,

Apr 11, 2015 10:54 PM

အမည်မဖော်လိုသူ

ကောင်းပါတယ် အမေရိကန်နဲ့များများပူးပေါင်းဆောင်ရွက်ပါ တရုတ်စိုးမိုးမှုမရှိမှာ

Apr 10, 2015 09:36 PM

ဆိုက်တခုလုံးသို့