အနန္တကုမ္ပဏီ အင်တာနက်ဝန်ဆောင်မှု တိုးချဲ့မည်


2018.07.11
data-card-622 လက်ကိုင်ဖုန်း အသုံးပြုရန် ငွေဖြည့်ကဒ် ထည့်သွင်းနေစဉ်။
Photo: RFA

မြန်မာနိုင်ငံရဲ့ ပထမဆုံး Data-သီးသန့် မြန်နှုန်းမြှင့် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ အနန္တကုမ္ပဏီ (Ananda) ဟာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ 4G+ network ဝန်ဆောင်မှုတွေ တိုးချဲ့ပေးဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအသစ်ဖြစ်တဲ့ အလန် စင်ဖီးလ်ဒ် (Alan Sinfield) က ပြောလိုက်ပါတယ်။

ကုမ္ပဏီရဲ့ ဝန်ဆောင်မှုကွန်ရက်ကို တိုးချဲ့သွားမှာဖြစ်ပြီး လာမယ့်သုံးနှစ်အတွင်း လစဉ် ဆက်သွယ်ရေးတိုင်အသစ်တွေ တိုးချဲ့တည်ဆောက်သွားမှာပါလို့ ထိုင်းအခြေစိုက် The Nation သတင်းစာနဲ့ မေးမြန်းခန်းမှာ အလန် စင်ဖီးလ်ဒ်က ပြောပါတယ်။

အနန္တကုမ္ပဏီဟာ ပြီးခဲ့တဲ့ခြောက်လအတွင်း မန္တလေးမြို့မှာ 4G+ network ချဲ့ထွင်ဖို့ အစီအစဉ်တွေ ချမျတ်ခဲ့သလို၊ အနန္တကုမ္ပဏီ အမှတ်တံဆိပ်နဲ့ အရောင်းဆိုင်တွေဖွင့်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လုပ်ငန်းဝန်ဆောင်မှုမိတ်ဆက်ပွဲ လုပ်ခဲ့သလိုပဲ မန္တလေးမှာလည်း မကြာခင်  မိတ်ဆက်ပွဲတခု ပြုလုပ်မယ်လို့ မစ္စတာစင်ဖီးလ်ဒ်က ပြောပါတယ်။

အနန္တကုမ္ပဏီဟာ သူ့ရဲ့ဝန်ဆောင်မှု စတင်မိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ သီတင်း ၆ ပတ်လောက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ သုံးစွဲသူတွေဆီက ကောင်းမွန်တဲ့ တုန့်ပြန်ချက်တွေ အများအပြား ရရှိခဲ့တယ်လို့ မစ္စတာစင်ဖီးလ်ဒ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။