လူကုန်ကူးမှု ဟန့်တားရေးအဖွဲ့ ၁၇ဝဝ နီးပါး မန္တလေးမှာဖွဲ့စည်း

2013-09-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မန္တလေးတိုင်းဒေသကြီးမှာ ရပ်ရွာအခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့ပေါင်း ၁၇ဝဝ နီးပါးကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ မန္တလေးမြို့အခြေစိုက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအဖွဲ့တွေကို ဖွဲ့စည်းရာမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အခြေခံပြီး ဖွဲ့စည်းတာဖြစ်တယ်လို့ မန္တလေးမြို့အခြေစိုက်  လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ရဲမှူး ဖေသိန်းကျော်က RFA ကို ပြောပါတယ်။

"မန္တလေးတိုင်းဒေသကြီးမှာ အကုန်လုံးဖွဲ့စည်းပြီး ဖြစ်ပါတယ်၊ ရပ်ကွက်တိုင်းမှာ ဖွဲ့ထားတာလေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်၊ ရာအိမ်မှူး၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်နဲ့ကလေးက အဖွဲ့ဝင်တွေဖြစ်တယ်"

လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့တွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် လူကုန်ကူးမှုအကြောင်း အသိပညာပေးဖို့၊  ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်နေပြီး မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသူတွေကို စာရင်းကောက်ယူဖို့စတဲ့ လုပ်ငန်းတာဝန် ၇ ချက်ကို သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

အတြင္းသိ

ဒီခေတ်မှာ ထွန်းကားလာတဲ့ Model လုပ်ငန်းဟာ လူကုန်ကူးသူများရဲ့ ပစ်မှတ်ဖြစ်နေတာကို သတိရှိကြပါ။ ဒီလုပ်ငန်းတွေကို အနီးကပ်စောင့်ကြည့်ရင် “ပစ်”သူကို ဖမ်းမိပါလိမ့်မယ်။

Sep 23, 2013 04:25 PM

အမည်မဖော်လိုသူ

အမျိုးသမီးများကို တရုတ်ပြည်ပို့ပြီး အိမ်ထောင်ချပေးတဲ့
အတွက် ပို့ပေးသူက အကျိုးအမြတ်အဖြစ်
ငွေကြေးခံစားရရင် “လူကုန်ကူး” တာလို့
သတ်မှတ်သင့်ပါတယ်။

Sep 23, 2013 04:21 PM

ဆိုက်တခုလုံးသို့