သတင်းထောက် ကိုပါကြီး အစိုးရစစ်တပ် ပစ်ခတ်ခံရ မှုကြောင့် သေဆုံး

2014-10-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သတင်းထောက် ကိုပါကြီးပုံ
သတင်းထောက် ကိုပါကြီးပုံ
Photo: Par Gyi Facebook

တစ်လနီးပါးကြာ ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်း က သူ့ကိုထိမ်းသိန်းထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် အသေဖမ်းဆီးမိခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ကြောင်း သိရပါတယ်။

ကိုပါကြီးသေဆုံးကြောင်း မနေ့ကရက်စွဲနဲ့ ရေးသားထား တဲ့ သတင်းထုတ်ပြန်ချက်ကို တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ ပေးပို့ခဲ့တာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

"တပ်မတော်က စာနယ်ဇင်းကော်စီကတဆင့် မီဒီယာတွေကို ပေးတဲ့အတွက်တော့ ကိုပါကြီးသေတာ အတည်ပြုပါတယ်၊ အီးမေးနဲ့ ပို့လိုက်တယ်၊ ၅ နာရီ မိနစ် ၂ဝ မှာရောက်တယ်၊ ဒါပေမဲ့ အဲဒီ့အီးမေးကို ဝေဖို့ အတွက် မနေ့က ဒီပါဝလီနေ့ဖြစ်နေတယ်၊ ရုံးပိတ်နေတယ်၊ ဒါကြောင့် ဒီနေ့မနက်မှာ ဝေလိုက်တယ်"

အဲဒီထုတ်ပြန်ချက်အရ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူး စောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က ကျိုက်မရောမြို့ လှေဆိပ်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပါရှိပါတယ်။

ကိုပါကြီးဟာ ဖမ်းဆီးထားချိန်အတွင်း အောက်တိုဘာလ ၄ ရက်နေ့ညက ကင်းစောင့်နေတဲ့ စစ်သားဆီက သေနတ် လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း၊ ကိုပါကြီးရဲ့ အလောင်းကို ကျိုက်မရောမြို့အနီး ရွှေဝါချောင်ကျေးရွာတောင်ဘက်တစ်နေရာမှာ မြေမြုပ်သင်္ဂြိုလ်လိုက် ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ဒီကေဘီအေတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူခဲ့ပြီးအပြန်မှာ အဖမ်းခံထားရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သူ့အမျိုးသားကို အဲဒီတပ်ရင်းက ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့လိုအပ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (7)
Share

အမည်မဖော်လိုသူ

ဒီလိုပဲ အမိမဲ့သားရေနည်းငါး ဆိုတာလို အကာကွယ်မဲ့ မလုံခြုံတဲ့ဘ၀တွေနဲ့ ရှင်သန်ကြရမယ်။
ဒီအဖြစ်အပျက်ဟာ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ သာမန်ပြည်သူမဆိုထားနဲ့  ရဟန်း သံဃာတော်အပါအ၀င်နိုင်ငံသားတိုင်းရဲ့ဘ၀ဟာ ဘယ်သူ့ ရဲ့ဘ၀မှမလုံခြုံဘူးဆို ညွှန်ပြနေတာပါဘဲ။
ဒါကြောင့်စစ်မှန်တဲ့ဒီမိုကရေစီရဘို့ ၊ ဥပဒေအထက်မှာ..ဘယ်သူမှ မရှိစေဘို့ ၊ တရားဥပဒေစိုးမိုးမှု့ အပြည့်ရှိနိုင်ဘို့ ၊ ကိုယ့်အခွင့်အရေးကိုယ် နောက်ဆံမငင်ဘဲ လွတ်လွတ် လပ်လပ် ခံစားနိုင်ဘို့ ...(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိ ပြင်နိုင်အောင် မြန်မာနိုင်ငံသားတိုင်း ရဲရဲရင့်ရင့် တောင်းဆိုရယူကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Oct 26, 2014 09:17 PM

(


ပြည်သူ တွေဟာ ကိုယ့်တိုင်းပြည် မှာတောင် ဥပဒေမဲ့ ရိုက်နှက်စော်ကါး သတ်ဖြတ်တာ တာခံနေရပြီဆိုရင် အဲ့ဒီတိုင်းပြည် ရဲ့ အုပ်ချုပ်ပုံစနစ်ဟာ သွက်သွက်ခါအောင် မှားယွင်းနေတာ ကိုထင်ထင်ရှားရှား ညွှန်ပြနေတာဘဲ။
သိက္ခာမဲ့ပြီး တာဝန်ယူမှု့မရှိ၊ အရည်ချင်းညံ့ဖျင်းတဲ့ ရက်စက်ကြမ်းကျုတ်တဲ့ ယနေ့ ၂၀၀၈ အခြေခံဥပဒေဝတ်ရုံ ခြုံထားသည့် စစ် အစိုးရ အုပ်ချုပ်တဲ့ အဖက်ဖက်ကချွတ်ခြုံကျနေတဲ့အချိန် မှာ ပြည်သူေ တွဟာ သွားလေရာ လါလေရာ မျက်နာငယ်မယ် ၊ ဟိုလူကအနိုင်ကျင့် ဒီလူကအနိုင်ကျင့်စော်ကားတာကိုခံရမယ်။ ဘယ်တော့မှ လူမွှေးလူရောင်မပြောင်နိုင်ဘူး၊ လူတန်းစေ့စေ့ဘယ်ခါမှမနေရဘူး။ အောက်ကျ နောက်ကျ အမြဲဖြစ်နေမှာ အသေအခြာဘဲ ။
အဲ့ဒီလိုပါဘဲ လူ့ ဂျပိုး စစ်ဂျပိုးတွေ ကြီးစိုးချယ်လှယ်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ တိုင်းသူပြည်သားတွေဟာ ဘယ်မှာနေနေ ဘယ်ကိုသွားသွား အနှိမ်ခံရမယ်၊ ဗိုလ်ကျအနိုင်ကျင့်တာခံရမယ်၊

Oct 26, 2014 09:16 PM

(

သုံးရောင်ခြယ်လူငယ်အဖွဲ့တွင်ပါဝင်ခဲ့လို့ အခုတော့ စစ်တပ်က အညိုးအတေးနှင့် ဖမ်းဆီးစစ်ဆေး သတ်ပစ်ခဲ့တာပါ
မီဒီယာများ ယခုလောက် မလွတ်လပ်ပါက ကိုပါကြီးသတင်းမှာ စုန်းစမြုပ်စ ဖြစ်သွားမည့်သဘော ဖြစ်သည်။
ကိုပါကြီးလို နောက်ထပ်အလှည့်ကျမည့်သူ ဘယ်သူဖြစ်မလဲ စိုးရိမ်နေရမည်။ စိုးတထိတ်ထိတ်နှင့် နေထိုင်ရသူ ပြည်သူများ ဖြစ်လာလိမ့်မည်။

Oct 26, 2014 04:25 AM

(

Very sad news. I don't know Ko Par Gyi who that guy is, but he is our nationality, who living on what he believes. Either he is DKBA or whoever but a Myanmar Nationality.
Military has like official killing license in their hands. I cannot believe what they said bcoz they always lie and think only they love the country. They used to say with big mouth as they were born from the people so that they have responsibility to protect the people and country but actually not, they do what they want, hold arms and beat innocent people. They are free from the Law, arm is their law. As long as the person who under the shadow of U Than Shwe, occupy top position in military post, our country and people will surely suffer and suffer, the story will be never ended. My father was a late soldier but now I hate soldiers and hard to believe whatever they said. But I feel hopeless.

Oct 25, 2014 11:26 AM

အမည်မဖော်လိုသူ

အင်း..အဲဒီကောင်တွေက ဥပဒေအထက်ကဆိုတော့...

Oct 25, 2014 07:24 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့