စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ

ရခိုင်ပြည်နယ်၊ ကျောက်တော် အခြေစိုက် စစ်ဒေသကွပ်ကဲရေး ဌာနချုပ် စကခ(၉) က မြောက်ဦး မြို့နယ် နတ်ချောင်းကျေးရွာအုပ်စုရှိ လယ်သမားတွေထံက သူတို့အဓမ္မသိမ်းယူပြီး သီးစားပြန်ချထားတဲ့ လယ်မြေတွေအတွက် သီးစားခစပါးတွေ ပေးဆောင်ဖို့ မနေ့ မနက်ပိုင်းက ညွှန်ကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

2013.02.16

ဒေသခံလယ်သမားတစ်ဦးကိို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ

"ဒီနေ့မနက်က တောင်သူတွေဆီကို ဖုန်းဆက်ပါတယ်၊ သီးစားခ စပါးပေးမလား၊ ငွေပေးမလား၊ ဘယ်နေ့သိမလဲ၊ မနက်ဖြန်သိရင် မနက်ဖြန် လာခဲ့မယ်ဆိုပြီးတော့ ပြောပါတယ်၊ တစ်ဧကကို ၂၅  တောင်းနှုန်းနဲ့ ပေးရပါတယ်၊ ၂၀၀၄ ခုနှစ်ကတည်းက ပေးရတာပါ"

မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာအုပ်စု တစ်ဝိုက်က လယ်ယာမြေတွေကို အမ်းမှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်း၊ အဆရ-၈ ဆက်သွယ်ရေးတပ်ရင်း၊ ဆေးတပ်ရင်း တို့အပြင် ကျောက်တော်မြို့မှာ အခြေစိုက်တဲ့ စကခ-၉ စတဲ့ တပ်ရင်းတွေက ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က စတင်သိမ်းပိုက်ပြီးနောက် အဲဒီ အသိမ်းခံရတဲ့ လယ်သမားတွေကိုပဲ လယ် ၁ ဧက စပါး ၂၅ တောင်းကျနှုန်းနဲ့ ဒီကနေ့အချိန်အထိ သီးစားချကာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ တောင်သူတွေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။