ကလေးစစ်သား ၉၆ ယောက်ကို မိဘတွေထံ လွှဲပြောင်းအပ်နှံ


2014.01.18
child-soldier-305.jpg ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပတဲ့ ကလေးစစ်သားများကို အုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Thiha Tun

မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၉၆ ယောက်ကို ဒီနေ့ အခမ်းအနားကျင်းပပြီး တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်ပြီး မိဘတွေထံ ပြန်လည်အပ်နှံလိုက်ပါတယ်။

ဒီနေ့အခမ်းအနားဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး( ကြည်း)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF နဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအား စစ်မူထမ်းခြင်းမှာ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ CTFMR  တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးက အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းတွေကို နှုတ်ထွက်ခွင့်ပြုဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ဒီနေ့နှုတ်ထွက်ခွင့်ပြုပြီးတဲ့ ကလေးတွေကို လူမူဝန်ထမ်းဦးစီးဋ္ဌာနလက်အောက်က ယာယီစောင့်ရှောက်ရေးစခန်းတွေကို ပို့ဆောင်းပေးမှာဖြစ်ကြောင်း အခုလိုပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ကလေးသူငယ်များအား စစ်မူထမ်းခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းစီမံချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူ လက်မှတ်ရေးထိုးပြီးနောက် အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်စစ်မူထမ်း ၂၇၂ ဦးကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားကို ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ ဋ္ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်း စာနာမူဆိုင်ရာ ညှိနှိုင်းရေးမှုး Mrs. Renata Lok Desallien၊ ကုလသမဂ္ဂက တာဝန်ရှိသူတွေနဲ့ ကလေးစစ်သားတွေရဲ့ မိဘဆွေမျိုးတွေ တက်ရောက်ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။