တပ်မတော် ထောက်ခံပွဲ

2017-10-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့စဉ်
မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့စဉ်
Photo: Thant Zin Oo/ RFA

နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ထား တဲ့အပေါ် နိုင်ငံတော်သမ္မတအနေနဲ့ ကန့်ကွက်ပေးဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က ဒီနေ့ တောင်းဆိုခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံသူတွေဟာ ရွှေတိဂုံအရှေ့ဘက်မုခ် အနီးကနေ ဆူးလေး မြို့တော်ခန်းမရှေ့ထိ ချီတက်ခဲ့ပြီးနောက် ကျင်းပတဲ့ ထောက်ခံဟောပြောပွဲမှာ ဦးလှဆွေက တောင်းဆိုခဲ့ တာဖြစ်ပါတယ်။

"သမ္မတကြီး ဦးထင်ကျော်ရဲ့ လက်အောက်က တပ်မတော် ဒါကြောင့်မို့လို့ ကျနော် ဒီနေရာကနေပြီး တင်ပြချင်တာက EU တို့၊ USA  တို့၊ အင်္ဂလန်တို့၊ ပြင်သစ်တို့က ခရီးသွားတာတွေ ပိတ်ပင်တယ်၊ ဟိုဟာပိတ်ပင်တယ် ဒါပိတ်ပင်တယ်၊ ဒီလိုလုပ်တာကို ငါတို့ဟာ ငါတို့အစိုးရအဖွဲ့ဟာ တပ်မတော်နဲ့ အတူတူရှိတဲ့ မင်းတို့ပိတ်ဆို့တာကို ငါတို့ကန့်ကွက်ပါတယ်လို့ ကြေညာပေးပါလို့ ဒီနေရာကနေ တင်ပြလိုပါတယ်၊ နှစ်ပေါင်းများစွာ ပိတ်ဆို့တဲ့ကြားကနေ နေပြည်တော်ကြီး မတည်ဆောက်လိုက် ဘူးလား၊ အမြန်လမ်းကြီး မတည်ဆောက်လိုက်ဘူးလား၊ အခုပုဂ္ဂိုလ်တွေကိုတော့ ကျနော်ပြောချင် တယ် နေပြည်တော်ကြီး လွှတ်တော်က အဆောက်အဦးတစ်လုံးလောက်ကို ဆေးသုတ်ဖို့ ဘတ်ဂျက်ရှိ ရဲ့လားလို့ ကျနော်က မေးလိုက်ချင်ပါတယ်"

တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံတဲ့ အခမ်းအနားကို သံဃာတော်တွေအပါအ၀င် လူအင်အား ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။

ထောက်ခံပွဲ တက်ရောက်သူတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီဝင်တွေလည်း ပါဝင်သလို အမျိုးသားရေးတက်ကြွလှုပ်ရှားနေကြတဲ့ ဆရာတော်၊ သံဃာတော်တွေ၊ တပ်မတော် မိသားစုဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ဟောပြောပွဲမှာ ဦးလှဆွေ အပြင် သရုပ်ဆောင်နဲ့ မော်ဒယ်လ် ရွှေအိမ်စည် တို့ပါဝင်ပြီး တပ်မတော်ထောက် ခံကြောင်း အသီးသီး ဟောပြောခဲ့ကြပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

Destiny is destiny, hard to see it's trajectory. The best thing we can do is uphold five precepts and try to be humble.

Oct 30, 2017 01:26 PM

အမည်မဖော်လိုသူ

Did the military take orders from the President or Sr.Gen Min Aung Hlaing? Min Aung Hlaing and his men had said they were not State employees, and did not have to take orrder from the government. It is evident in the peace process and the case of NCA signing. They had made sure that they do not report to the government. So, now how ca the President take responsibility for actions of the military?

Oct 30, 2017 06:11 AM

အမည်မဖော်လိုသူ

ဦးလှဆွေ က ဘာကောင်မို့ သမ္မတကို ဒီလိုပြောပါ ၊ ဟိုလိုပြောပါ ခိုင်းနေတာပါလဲ။

Oct 29, 2017 11:47 AM

ဆိုက်တခုလုံးသို့