ရုပ်ရှင်လောကသားတွေ မူးယစ်ဆေးဝါး ရှောင်ကြဉ်ကြဖို့ ကြေညာချက်ထုတ်

2018-08-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ၂၀၁၈ သြဂုတ်လ ၉ ရက်နေ့က စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိသူတွေကို တွေ့ရစဉ်
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ၂၀၁၈ သြဂုတ်လ ၉ ရက်နေ့က စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိသူတွေကို တွေ့ရစဉ်
Photo: Yangon Police

မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချိ၊ ရောင်းဝယ်သုံးစွဲနေတာတွေကို အစိုးရက ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်နေတာကြောင့် ရုပ်ရှင်လောကသား အနုပညာရှင်တွေအနေနဲ့ မူးယစ်ဆေးဝါး ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“နိုင်ငံတော်အစိုးရအနေနဲ့ အခုချိန်မှာဆိုရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ဖို့အတွက်ကို သတင်းဌာနတွေလည်း ဖွင့်လာတယ်၊ သတင်းပေးတဲ့သူတွေကို ဆုကြေးငွေချီးမြှင့်... ဆိုတဲ့ အမိန့်ညွှန်ကြားချက်တွေလည်း ထွက်လာတယ်၊ ပိုမိုပြီးတော့လည်း ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ အဲ့ဒီလိုလုပ်နေတာကို နိုင်ငံသားတွေဖြစ်တဲ့...၊ ကျနော်တို့ ရုပ်ရှင်လောကသား ဆိုတာလည်း နိုင်ငံသားပဲဖြစ်ပါတယ်၊ နိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ကလည်း ကျနော်တို့တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းဝန်းပံ့ပိုးကြဖို့ စာထုတ်ခြင်း ဖြစ်ပါတယ်။ ဒီတရားဥပဒေနဲ့ ငြိစွန်းနေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း စသည်တို့နဲ့ ကင်းဝေးအောင်နေခြင်းဖြင့် နိုင်ငံတော်အစိုးရကို ဝိုင်းဝန်းပံ့ပိုးပေးဖို့ စာထုတ်ခြင်းဖြစ်ပါတယ်”

လက်ရှိမှာ အနုပညာလောက တစ်ခုတည်းသာ မဟုတ်ဘဲ၊ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေအထိ မူးယစ်ဆေးအန္တရာယ် ပြန့်နှံ့နေပြီး တာဝန်ရှိသူတွေက ကိုင်းဖျားကိုင်းနားဖြစ်တဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုသာ ဖမ်းဆီးအရေးယူတာမျိုးမဟုတ်ဘဲ အမှန်တကယ် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိ ရောင်းချသူတွေကိုပါ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေတယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကနေ သြဂုတ်လ ၁၆ ရက်အတွင်း အနုပညာလောကက အဆိုတော် ရသ၊ ရွှေထိုက်၊ ဒါရိုက်တာမိုက်တီး တို့ သုံးယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးပြီးနောက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အနုပညာ အသိုင်းအဝိုင်းမှာ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီး အရေးယူခံရတဲ့ ဖြစ်စဉ်တွေ အရင်က ရှိခဲ့ပေမယ့်လည်း  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အခုလို တရားဝင်စာထုတ်ပြန်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

Yarzarthingyan

နေရပ်- US

Drugs were/ are weapons of war. Do not fall victim.There are many who want to subdue us; no need to stress.
Even Emperor Tabin Shwe Hti fell victim at the hands of a Portugese infiltrator caught some where near seas of Martaban. Though opportunists like Thamein Saw Htut took advantage [nephrew Let Wei and Let Yar Dar Hmu], the good looking Portugese naval attacker/ wine maker declared victory. History repeat itself. Hard to recognize.

Aug 25, 2018 02:43 PM

ဆိုက်တခုလုံးသို့