မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အာဆီယံ အတွင်းရေးမှူးချုပ် ဂုဏ်ယူ

အာဆီယံ အထွေထွေ အတွင်းရေးမှူး ချုပ် သက်တမ်းအတွင်း ဂုဏ်အယူဆုံးကိစ္စ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍပဲဖြစ်ကြောင်း မကြာမီမှာ ရာထူးက အနားယူတော့မယ့် ဒေါက်တာ ဆူရင် ပစ်ဆူဝမ် က ပြောလိုက်ပါတယ်။

2012.11.26
surin-pitsuwon-b305 အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
Photo courtesy of ASEAN web site

ဆူရင် ပစ်ဆူဝမ် ရဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သက်တမ်းဟာ လာမယ့် ဒီဇင်ဘာလမှာ (၅) နှစ် ပြည့်မှာဖြစ်ပြီး၊ ဗီယက်နမ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လီလျောင်မင်း (Le Luong Minh) က သူ့နေရာ ကို လွှဲပြောင်း ထမ်းဆောင်မှာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်းအပြီးမှာ အထီးကျန် မြန်မာနိုင်ငံကို အနောက်ကမ္ဘာနဲ့ နီးစပ်အောင် ဆောင်ရွက် ပေးခဲ့တဲ့ အာဆီယံ ရဲ့ အခန်းကဏ္ဍ အကြောင်း ပြောဆိုရာမှာ

"အဲဒီတုံးက မြန်မာနိုင်ငံဟာ အသွင်တစ်မျိုးပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာကြီးကို ကျနော်တို့ ယူဆောင်ခဲ့တယ်၊ ကုလသမဂ္ဂကို ခေါ်ဆောင်ခဲ့တယ်၊ မြန်မာအစိုးရခေါင်းဆောင်ပိုင်း စိုးရိမ်စိတ်လျော့ပါးအောင်၊ ပြည်သူတွေ သက်သောင့်သက်သာဖြစ်သွားအောင် အာဆီယံက ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ကမ္ဘာကလည်း အရင်လို မျက်နှာထားမတင်းတော့ပါဘူး၊ အဲဒီနောက်ပိုင်း  မြန်မာပြည် ပွင့်သွားတာဟာ အာဆီယံအတွက် အင်မတန် အာရကျေနပ်စရာကောင်းလှပါတယ် "လို့ သြစတေးလျ ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။