အာဆီယံခေါင်းဆောင်တွေ နဲ့ တေ့ွဆုံဖို့ ကရင် တိုင်းရင်းသူ ရွေးချယ်ခံရ


2014.04.24
asean-brunei-305.jpg ဧပြီလ ၂၄ ရက်နေ့က ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ ၂၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

အာဆီယံခေါင်းဆောင်တွေနဲ့ တေ့ွဆုံဖို့ ကရင် တိုင်းရင်းသူ ရွေးချယ်ခံရ အာဆီယံတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကရင် တိုင်းရင်းသူ ဒေါက်တာမေရှီးရှို ကို ရွေးချယ် ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီက ဒီကနေ့ အကြောင်းကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားလှယ်အနေနဲ့ တက်ရောက်မယ့် သူကို ရွေးချယ်ရာမှာ တိုင်းရင်းသားဖြစ်ဖို့၊ အမျိုး သမီးဖြစ်ဖို့ဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားရွေး ချယ်ခဲ့တယ်လို့ အာဆီယံ ပြည်သူ့ဖိုရမ် ဦးဆောင်ကော် မတီဝင် ဦးအောင်မျိုးမင်း က ပြောပါတယ်။

"ပြီးခဲ့တဲ့ ATF မှာပါဝင်တက်ရောက်ခဲ့သူဖြစ်ရမယ် ၊နောက်တခါ နိုင်ငံမှာရှိတဲ့ NOC လို့ခေါ် တဲ့ ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တဲ့ သူတွေနေ သဘောတူလက္ခံပြီး ရွေးချယ်တဲ့သူဖြစ်ရမယ် အဲ့ဒီနှစ်ချက်ပါပဲခင်ဗျ၊ကျနော်တို့ဘက်မှာ အမျိုးသမီးဖြစ်ရင်ပိုကောင်းမယ်၊တိုင်းရင်းသားဖြစ်ရင် ပိုကောင်းမယ်ဆိုတဲ့ အချက်တွေတော့ ကျနော်တို့ ထည့်သွင်းစဉ်းစားပါတယ် ဒါကြောင့်မို့လို့ို့ အမျိုးသမီးဖြစ်တဲ့ ကရင်အမျိုးသမီးဖြစ်တဲ့ ဒေါက်တာမေရှီးရှို ကို ကျနော်တို့ ရွေးခဲ့တာပဲဖြစ်ပါတယ်"

မေလ ၁၁ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံအလိုက်ကိုယ်စားလှယ် ၁ဝ ဦး တို့ တွေ့ဆုံကြမှာဖြစ်ပြီး လာမယ့် မေလ ၉ ရက်နေ့မှာ ရွေးချယ်ခံရတဲ့ အရပ်ဘက်ကိုယ်စားလှယ် ၁ဝ ဦးတွေ့ဆုံပြီး အာဆီယံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေ ကို ဆွေးနွေးကြမှာ ဖြစ်တယ် လို့ ဒေါက်တာမေရှီးရှိုက ပြောပါတယ်။

"၉ ရက်နေ့ကို အကုန်လုံး ၁ဝ ယောက်စလုံးပေါ့နော် ဒီကနိုင်ငံတော်တွေရဲ့ ခေါင်းဆောင်တွေနဲ့ ဘယ်လို စကားပြောမယ်၊ဘယ်အရာတွေကိုဆွေးနွေးမယ် အဲ့ဒါတွေကို ၁ ရက်တာတိုင်ပင်ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်"

ရွေးချယ်ခံရသူ ဒေါက်တာမေရှီးရှိုဟာ ကရင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ကဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့ကနေ ၂၃ ရက်နေ့အထိကျင်းပခဲ့တဲ့ အာဆီယံပြည်သူ့ဖိုရမ်မှာ ပရိုဂရမ်ကော်မတီ တာဝန်ခံအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။