မိုင်းရှာခွေးတွေအတွက် ကျပ်သိန်း ငါးဆယ် လှူဒါန်း


2017.05.23
sandartika-donate-620.jpg ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅ဝ ကို မိုင်းနဲ့ မူးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်း ခွေးများအား ကူညီထောက်ပံရေး ပရဟိတအဖွဲ့ကို မေလ ၂၃ ရက်နေ့က လှူဒါန်းစဉ်
Photo: Htet Arkar/RFA

ရွှေပါရမီ ဆရာတော်အရှင်ဆန္ဒာဓိက က မိုင်းနဲ့ မူးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်း ခွေးများအား ကူညီထောက်ပံ့ရေးပရဟိတအဖွဲ့ FBD ကနေတဆင့် မိုင်း နဲ့ မူးယစ်ဆေးဝါးရှာဖွေတဲ့ခွေးတွေအတွက် ဒီကနေ့ ကျပ်သိန်း ၅ဝ လှူဒါန်းလိုက်ပါတယ်။

မိုင်း နဲ့ မူးယစ်ဆေးဝါးရှာဖွေတဲ့ ခွေးတွေဟာ ဆေးဝါး၊ အစားသောက်၊ အထွေထွေ လိုအပ်ချက် တွေရှိနေ တာကြောင့် လှူဒါန်းတာဖြစ်တယ်လို့ ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ကြားပါတယ်။

"အာဟာရလိုအပ်ချက်နဲ့ ဆေးဝါးလိုလားချက်တွေရှိနေတယ်၊ အထွေထွေလိုအပ်ချက်တွေရှိနေတဲ့ နိုင်ငံ ဝန်ထမ်းလုံခြုံရေးခွေးတွေကို လိုအပ် ချက်တွေဖြည့်ပေးချင်တဲ့ မေတ္တာစိတ်သန့်သန့်နဲ့ စေတနာသန့်သန့်နဲ့ လှူဖြစ်သွားတာပါ"

လှူဒါန်းပွဲကို မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ကျောင်းမှာ ပြုလုပ်ခဲ့တာပါ။

မိုင်း နဲ့ မူးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်းခွေးများအား ကူညီထောက်ပံ့ရေး ပရဟိတအဖွဲ FBD ကိုမကြာခင် ကသေဆုံးသွားခဲ့တဲ့ မိုင်းရှာခွေးတစ်ကောင်ဖြစ်တဲ့ တပ်ကြပ်ကြီးမိုက်ကယ် သေပြီး နောက်မှာ စတင်ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။

အဲဒီပရဟိတအဖွဲ့ ကို ဒါရိုက်တာကြည်ဖြူရှင် က ဦးဆောင်ပြီးလုပ်နေတာဖြစ်ပါတယ်။ မိုင်း နဲ့ မူးယစ်ဆေးဝါး ရှာဖွေတဲ့ခွေးတွေဟာ ယမ်းအနံတွေကြောင့် သာမန်ခွေးတွေထက် သက်တမ်းတစ်ဝက်လောက်တိုတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။