အာရှ-ဥရောပ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပဋိပက္ခ EU တင်ပြမည်


2018.10.18
federica-mogherini-622.jpg ဥရောပနိုင်ငံများအဖွဲ့ရဲ့နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini ကို တွေ့ရစဉ်
Photo: THIERRY ROGE / AFP

ဥရောပနိုင်ငံများအဖွဲ့ EU ရဲ့နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini ဖယ်ဒရီကား မိုဂေရိနီက ဥရော ပခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ မှာ မနေ့က စတင်ဖွင့်လှစ်တဲ့ ASEM အာရှ- ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ သူက အခုလိုပြောကြားခဲ့တာပါ။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဥရောပခေါင်းဆောင်တွေအနေနဲ့ အာရှခေါင်းဆောင်တွေနဲ့ သောကြာနေ့ နေ့လည်ပိုင်း တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ လူအခွင့်အရေးချိုးဖေါက်ခံရမှုနဲ့ တရုတ်ပြည်မှာ နှိပ်စက်ညှဉ်းပန်းမှုခံနေရတဲ့ ဝှီးဂါ မွတ်စလင်တွေအကြောင်း ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီ ၂ ရက်ကြာ ဆွေးနွေးပွဲကို ဥရောပ နိုင်ငံ ၃ဝ နဲ့ အာရှ ၂၁ နိုင်ငံကခေါင်းဆောင်တွေ တက်ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။