ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေနေကြောင့် မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ မကွေးတိုင်း (၄) မြို့နယ် မဲဆွယ်စည်းရုံးရေး သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

2012.03.25
assk-myeik-speech-b305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း မတ်လ ၂၄ ရက်နေ့က မြိတ်လူထုကို စကားပြောနေစဉ်။
Photo Courtesy of Aung Koe

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းရဲ့ အကြံပြုချက်အရ အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုသွားရောက်နေတဲ့ တနင်္သာရီတိုင်း မြိတ်ခရီးစဉ်အတွင်း ကျန်းမာရေး အခြေအနေ ချို့ယွင်းလာတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ တာဝန်ခံ ဦးဉာဏ်ဝင်းက RFAကို ပြောပါတယ်။

"မြိတ်ခရီးစဉ် အပြည့်အစုံ မသွားနိုင်တော့ဘဲ ၃ နေရာအစား တစ်နေရာကိုပဲ သွားရောက်နိုင်ပါတယ်။ ဆရာဝန်က မကွေးခရီးစဉ်ကို ခွင့်ပြုချက် မပေးလို့ မကွေးခရီးစဉ် ပျက်ပါတယ်။ အနည်းငယ် အားနည်းတာပါ။ မကွေးအစီအစဉ်ကတော့ မကွေး၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ကျန်တဲ့ ခရီးစဉ်တွေအတွက် ဘာမှ မပြောသေးပါဘူး။ အရင်အတိုင်းပဲ ရှိနေပါတယ်။"

လေယာဉ်ခရီး၊ ရေကြောင်းခရီးတွေနဲ့ မြိတ်မြို့ကို မဲဆွယ်စည်းရုံးရေးခရီး သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းခရီးအတွင်း ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် မူးမော် အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ သူ့ရဲ့လုံခြုံရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့ကနေ လေကြောင်းခရီးနဲ့ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိ လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-27 00:57

အမေ့၇ဲ့တိုင်းသူပြည်သားတွေအပေါ်ထားတဲ့စိတ်စေတနာ၊နိုင်ငံသူနိုင်ငံသားတိုင်းသားအားလုံးပါမကျန် ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေး၊လူ့အခွင့်အရေးရရှိရေးတို့အတွက် ကြိုပမ်းဆောင်ရွက်နေတဲ့ အမေ့ရဲ့မဆုတ်မနစ်သောစိတ် မြန်မာပြည်ကြီးအားကောင်းစားစေချင်သောစိတ်စေတနာတွေကြောင့် အမေစုကို ဘုရားသ္ခင်ကောင်းချီးပေးပါစေ။အမေစုကျန်းမာပါစေ။ကြားဖြတ်ရွေးကောက်ပွဲအမေနိုင်ကိုနိုင်ရမယ်၊နိုင်ပါစေလို့ဆုတောင်းပါတယ်။ ( မသမာမူ့တွေကိုကျော်လွှားပြီးတော့)