မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အပြင် အစိုးရအနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

2012.03.21
dassk-nay-pyi-taw-1-b305 ၂၀၁၂ ခုနှစ် မတ်လ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာစဉ်။
Photo courtesy of AFP

RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်အတွက် ပြောဆိုရာမှာ လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပေါ်နေတဲ့ အခြေအနေများကို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ်အတွင်းမှာ ဖြစ်တာမို့ အကျဉ်းတန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလားမသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တယ်ဆိုပေမယ့် သူပစ်လိုက်တဲ့ဟာက သစ်သားအချွန်လေးနဲ့ပေါ့နော်။ ပစ်တာ ဦးမင်းသူကို မထိဘဲနဲ့ အနားက မိန်းကလေးတယောက်ကို ထိသွားတယ်။ အဲဒါတွေကတော့ နဲနဲ လွန်လာပြီလေ။ ဥပ္ပသီရိနဲ့ ဒက္ခိဏသီရိထင်တယ်။ အဲဒီ ၂ နေရာမှာ ဆိုင်းဘုတ်တွေကို သူတို့ ဖျက်ဆီးတာပေါ့နော်။ ဓားနဲ့လှီးပြီးတော့ ထုတ်တာတွေ ဘာတွေဟာ အဲဒါ မဖြစ်သင့်ဘူး။ အထူးသဖြင့် နေပြည်တော်မှာ ဖြစ်တယ်ဆိုတာဟာ အင်မတန်မှ အကျဉ်းတန်တယ်"

ဒီဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စတွေ ဖြစ်ပြီး ဒါဟာ ပြစ်မှုကျူးလွန်တာ ဖြစ်တယ်ဆိုတာ ကျူးလွန်သူနဲ့ အများပြည်သူ သိရှိအောင် ပြည်ထောင်စု ကော်မရှင်တင်မက အစိုးရကပါ တရားဝင် သတိပေးစာ ထုတ်ပြန်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-21 21:52

Fyi..noticed that exclusive images from http://www.gettyimages.com.au/Search/Search.aspx?EventId=136397140&EditorialProduct=Archival are being used in http://www.youtube.com/watch?v=Dpierd8UmPA&context=C4331dc8ADvjVQa1PpcFPYwNTPhdjqdT09hP8cfABd-lphkoaV820%3D and http://www.myanmarexpress.net/search/label/အသုံးမကျတဲ့%20ဒေါ်စု%20နဲ့%20NLD without water marks to defame Daw Aung Sun Suu Kyi. Please kindly inform to Getty.

Anonymous
2012-03-22 00:27

နေပြည်တော်မှာတောင်ျ အမှုမပေါ်ဘူးဆိုတော့ တရားမျှတမှုလိုလားနေပါတယ်ဆိုတဲ့ သမ္မတကြီးတို့ အပြောကိုရွှေမန်းတို့ မသိချင်ယောင်ဆောင်နေလို့ပေါ့လို့ပဲ တဲ့တဲ့ပြောလိုက်တော့မယ်။