ဒေါ်အောင်ဆန်းစုကြည်အတွက် ဒလိုင်းလားမား ဆုတောင်းမေတ္တာပို့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်စေဖို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မနေ့က ဆုတောင်းမေတ္တာပို့တဲ့စာ ပေးပို့လိုက်ပါတယ်။

2012.03.27

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိတ်ခရီးစဉ်အတွင်း ပင်ပန်းလွန်းတာကြောင့် ခရီးစဉ်တွေ ဖျက်သိမ်းရတယ်လို့ ကြားသိရတဲ့အတွက် အိန္ဒိယနိုင်ငံ ‘ဒါရမ်ဆာလာ’ ဒေသမှာ သီတင်းသုံးနေတဲ့ တိဗက်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာ ပေးပို့ခဲ့တာပါ။

ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ စာမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ဖို့ဟာ မြန်မာပြည်သူ ပြည်သားတွေအတွက်သာမက လွတ်လပ်မှုကို မြတ်နိုးတဲ့ တစ်ကမ္ဘာလုံးက ပြည်သူတွေအတွက် အထူးအရေးကြီးကြောင်း ဖော်ပြထားပါတယ်။

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ၁၉၈၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။