ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေအပြင် နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

2012-01-07
Share
assk-denmark-minister-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach တို့ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
Photo: RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ဒိန်းမတ်ဝန်ကြီး မစ္စတာဘာ့ဂ်က “မြန်မာ့ လူ့အခွင့်အရေးကိစ္စနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ သန့်ရှင်းတဲ့ အခြေအနေဖြစ်ရေး ကိစ္စတွေ လည်း ဆွေးနွေးကြတယ်၊ မြန်မာပြည်သူတွေကို ဒိန်းမတ်က ကူညီမယ့် ကိစ္စမှာ ကလေးပညာရေး ပြုစုပျိုးထောင်ရေးနဲ့ လယ်သမားတွေကို ကူညီရေးလည်း ဆွေးနွေးဖြစ်တယ်” လို့ ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံဟာ UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ MDEF လို့ခေါ်တဲ့ ပညာရေးရန်ပုံငွေ အလှူရှင်များအဖွဲ့နဲ့ သြစတြေလျ၊ နော်ဝေး၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့နဲ့ လက်တွဲပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီနေပါတယ်။

ပထမအသုတ် အကူအညီကို ၂ဝဝ၇ ကနေ ၂ဝ၁ဝ အထိ ပေးခဲ့ပြီး ဒုတိယအသုတ် အနေနဲ့ ၂ဝ၁၂ ကနေ ၂ဝ၁၅ အထိ ကူညီမယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ပညာရေးနယ်ပယ်မှာ အသုံးပြုဖို့ ၄ နှစ် အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်း ကူညီဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒိန်းမတ်ဝန်ကြီး မစ္စတာဘာ့ဂ်ဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့လည်း နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒိန်းမတ် နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးတွေအတွက် အဓိက ကူညီနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို၊ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကူညီနေတယ်လို့ သိရပါတယ်။

ဒီလို အကူအညီတွေ ပေးတာကြောင့် ဒိန်းမတ်နိုင်ငံကို မြန်မာပြည်သူ တွေကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Anonymous says:
2012-01-08 15:48

thank you very much

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့