ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ဖွယ်ရာမရှိပေမယ့် အနားယူဖို့ လိုအပ်ကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အကြံပေးတဲ့အတွက် မနက်ဖြန်မှာ သွားမယ့်ခရီးစဉ်ကို ဖျက်လိုက်တဲ့အကြောင်း သိရပါတယ်။

2012.03.26
assk-dagon-myothit-b305 ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်က ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မဲဆွယ်စည်းရုံးရေးခရီးစဉ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများကို မိန့်ခွန်းပြောကြားနေစဉ်။
Photo courtesy of NLD

ထပ်ပြီး ခရီးပန်းတဲ့ဒဏ် မဖြစ်စေလိုတာကြောင့် သူ့ရဲ့စည်းရုံးရေး နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး ခရီးစဉ်ကို ဖျက်လိုက်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားကို မဲဆွယ်စည်းရုံးရေး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်ကျွန်းစု စည်းရုံးရေးခရီးစဉ်မှာ သွေးပေါင်ကျဆင်းခြင်း၊ အပူရှိန်ဒဏ် ခံစားရခြင်းနှင့် မရပ်မနား ခရီးသွားမှုတွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေ ဆက်တိုက် ကြုံတွေ့နေရတဲ့အတွက် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလောမှာ နေအိမ်မှာပဲ အနားယူမှာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာတော့ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို သွားရောက်မှာဖြစ်ကြောင်း၊ ဧပြီ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ မဲထည့်မယ့် ကော့မှူးဒေသခံတွေကို အားပေးစကား ပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-26 04:32

Thanks be to God,
I always pray for you and your hard working Mum, Long Live Amme DAW SUU!

Anonymous
2012-03-26 18:14

I think, why people love Daw Aung San Suu Kyi, because of her inner love for people, not only because of General Aung San is daughter. Am I right? I think I am right, because me too I love her, not only because of General Aung San is daughter, if so we can love her brother too, but we don't, anyway we pray for her, because of she love for our people, you know what our Buddha tech us, "Love can win over hate, angry, abuse etc... I totally believe that because of her love, she can win over... I wish General Aung San generation should be president of Myanmar, if God allow... I agree, it should be... my God... Pls let her chance to be build our country to be Democracy & Development country in future... and I and 60 millions of people is desire too my God, God bless you Mum Suu and our people ( all Myanmar ). Have a nice day...

Anonymous
2012-03-27 01:33

agree