ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်
2012.02.21
ကချင် တိုင်းရင်းသားများ၏ ရိုးရာမနောပွဲ ကျင်းပနေပုံ။
Photo courtesy of Kachin News Group
မြစ်ကြီးနား မနောကွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖူးတယ်ဆိုပြီး သမိုင်းမှာ ဂုဏ်ယူစရာဖြစ်အောင်
ဟောပြောပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စီစဉ်ထားတယ်လို့ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဝင်းက
ပြောပါတယ်။
ဗန်းမော်မြို့မှာလည်း မူလက ဘောလုံးကွင်းမှာ ကျင်းပဖို့ တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့တဲ့အတွက် ကချင်ရိုးရာ မနောကွင်းကို
စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဘောလုံးကွင်းတွေကို ပြန်လည် ခွင့်ပြုလိုက်ပေမယ့် လေယာဉ်ကွင်း အနီးမှာရှိပြီး
မြို့လယ်နဲ့ ၆ ဖာလုံလောက်သာဝေးတဲ့ မနောကွင်းမှာပဲ ကျင်းပမှာဖြစ်ကြောင်း ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး တာဝန်ခံ
ဦးဇော်သင်းက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရန်ကုန်က မြစ်ကြီးနားကို လေကြောင်းနဲ့ လာရောက်ပြီး အဲဒီနေ့မှာပဲ နမ္မတီးနဲ့
မိုးကောင်းမြို့က ပြည်သူလူထုကို သွားရောက် ဟောပြောမှာပါ။ အဲဒီနောက် မြစ်ကြီးနားမှာ ညအိပ်၊ နောက်နေ့မနက် မြစ်ကြီးနား
မနောကွင်းမှာ လူထုကို စည်းရုံး ဟောပြောပြီး ဗန်းမော်မြို့ကို ဆက်သွားမှာပါ။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဗန်းမော်ကနေ ရန်ကုန်ကို
ပြန်မှာဖြစ်ကြောင်း ဦးနေဝင်းက ပြောပါတယ်။









