နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည်

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။

2012.02.26

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စောစောပိုင်းက မန္တလေးမြို့မှာ လူထုဟောပြောပွဲပြုလုပ်မယ့် ကွင်းနေရာ မသေချာသေးတာကြောင့် အစီအစဉ်အတိအကျ မရေးဆွဲသေးတာဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။ အခုအခါ အာဏာပိုင်တွေက မန္တလေးမှာ ဟောပြောပွဲလုပ်မဲ့ကွင်းအတွက် ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့ကို မတ်လ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့စတင်ပြီး မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ ပါတီစည်းရုံးရေးပြုလုပ်ပြီးနောက် ရန်ကုန်ကို ပြန်လည်ထွက်ခွာမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-26 20:58

အမေစုရဲ့လုံခြုရေးကိုကရုစိုက်ပေးကြပါ......-please!