အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအဆင့် ညီလာခံ ကျင်းပရေး ရှင်းလင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင်တွေ အတွက် ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

2012.10.17
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအဆင့်ညီလာခံ ကျင်းပရေး ကော်မရှင်များအတွက် ညီလာခံ ကျင်းပရေးစီမံချက် ရှင်းလင်းပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပရာ NLD ပါတီညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုနေစဉ်။
RFA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင်တွေ အတွက် ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ NLD ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကို လာမည့် ဒီဇင်ဘာလ သို့မဟုတ် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ ရှိတယ်လို့ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရှင်းလင်းပွဲကို NLD ပါတီ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ပါတီတွင်း ပြဿနာတွေကို ပါတီတွင်းမှာပဲ ဖြေရှင်းနိုင်ဖို့ ကြိုးစားရမယ်လို့ ဦးဉာဏ်ဝင်းက တက်ရောက်လာတဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးက ညီလာခံ ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။