တရားဥပဒေစိုးမိုးရေး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
2012.09.27
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က ယေးလ်တက္ကသိုလ်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
RFA
လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးလုပ်ပိုင်ခွင့် အာဏာတွေ ပေးထားကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားရေး မဏ္ဌိုင်တစ်ရပ် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယေးလ်တက္ကသိုလ်မှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့သလို အမေရိကန်ကွန်ဂရက်က ပေးအပ်တဲ့ အမြင့်ဆုံးဆုကိုလည်း လက်ခံယူခဲ့ပါတယ်။
မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာပထမဆုံးအကြိမ်အဖြစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ချီးကျူးဂုဏ်ယူကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။









